Published 18January 2022

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖြေရှာရာမှာ ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။

အထူးသံတမန် နိုလင်းဟေဇာဟာ ဇန်နဝါရီ၁၇ရက်မနေ့က အစိုးရဧည့်ဂေဟာမှာ ထိုင်းဝန်ကြီးချုပ်ကိုလောကဝတ် တွေ့ဆုံခဲ့စဉ်အတွင်း ငြိမ်းချမ်းရေးပြနလည်ရရှိဖို့ ထိုင်းရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ချီးကျူးလိုက်ပြီး မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ထာဝရအဆုံးသတ်သွားစေဖို့ ဦးတည်မယ့် အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ကို အကောင်အထည် ဖော်မှုတွေနှင့်ပတ်သက်လို့ ဗိုလ်ချုပ်ကြီးပရာရွတ်နှင့်ဆွေးနွေးမှုကိုစတင်ခဲ့ပါတယ်။

“အာဆီယံနှင့်ကုလသမဂ္ဂပါဝင်တဲ့ နှစ်နိုင်ငံဆက်စပ်ဆောင်ရွက်မှုတစ်ခုနှင့် ကြာရှည်ခံမယ့်အဖြေတစ်ခုကိုရရှိရေး တွန်းအားပေးဖို့   ဗိုလ်ချုပ်ကြီး ပရာရွတ်က ထောက်ခံပါလိမ့်မယ်” လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် သန်နကွန်ဝန်ဘွန်ကောင်ချနာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှုပ်ထွေးတဲ့ လူမျိုးစုသမိုင်းရှိတယ်။ ညင်သာတဲ့ အဖြေတစ်ခုရရှိဖို့မြန်မာခေါင်းဆောင်နှင့် ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာကို ထိုင်းဝန်ကြီးချုပ်က ကုလသမဂ္ဂအထူးသံတမန်ကို ပြောကြားခဲ့တယ်လို့ လည်း သူကပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့ ဒါဟာ အရေးကြီးတဲ့ ပထမဆုံးအဆင့်ပဲ” လို့ ဝန်ကြီးချုပ်က ပြောတဲ့အကြောင်း မစ္စတာသန်နကွန်က ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနှင့်ပတ်သက်လို့ ထိုင်းက တင်းကြပ်တဲ့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေ အောက်ကနေ မြန်မာဒုက္ခသည်တွေကို  နေရာချထားပေးနိုင်မယ့် သတ်မှတ်ဧရိယာတွေကို အစီအစဉ်ရေးဆွဲတင်ပြပေးမယ် လို့လည်း မစ္စတာ သန်နကွန်က ဆက်လက်ပြောဆိုပါတယ်။

အပြန်အလှန်အားဖြင့် ပဋိပက္ခကြောင့် အားကိုးရာအမဲ့ဆုံးဖြစ်နေတဲ့ဒုက္ခရောက်နေသူတွေကို အကူအညီပေးဖို့ နှင့် မတည်ငြိမ်ပြီးဖြစ်နေတဲ့ နယ်စပ်ဒေသကို မတည်ငြိမ်မှုတွေထပ်တိုးပွားမလာအောင် မြန်မာနိုင်ငံက အကျပ်အတည်းတွေ ထပ်ပြီးအခြေအနေဆိုးရွားမလာရေးဟန့်တားဖို့ ချက်ခြင်းဆောင်ရွက်ပေးဖို့ကိုလည်း  မစ်ဟေဇာက ချက်ခြင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

“ ကျွန်မရဲ့လတ်တလော  အာဆီယံဥက္ကဋ္ဌနှင့် စေ့စပ်ညှိနှိုင်းဆောင်ရွက်မှုတွေကိုဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူအားလုံးလက်ခံနိုင်တဲ့ ထိရောက်တဲ့ဘုံသဘောတူညီချက်(၅)ချက်အတွက် လမ်းကြောင်းတွေ ဖန်တီးနိုင်ဖို့ ဦးစီးဦးရွက်အစီအစဉ်တွေ တည်ဆောက်ရာမှာ ကူညီရေး အာဆီယံအထူးကိုယ်စားလှယ်နှင့်နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းဆွေးနွေးခဲ့ပါတယ်။ ဒါတွေလုပ်ဖို့ ဒေသဆိုင်ရာသွေးစည်းညီညွတ်မှုနှင့် ယုတ္တိတန်တဲ့ နိုင်ငံတကာထောက်ခံမှုတွေလိုအပ်ပါတယ်။ဒါပေမယ့် အရေးအကြီးဆုံးက မြေပြင်က အညွှန်းကိန်းတွေနှင့် ရလာဒ်တွေပဲဖြစ်တယ်။မြန်မာပြည်သူတွေနှင့်သူတို့ရဲ့နေထိုင်မှုဘဝတွေကို ကာကွယ်ဖိုဦးတည်တဲ့ ရှေးရှုတဲ့ မည်သည့်စိတ်စေတနာမျိုးမဆို ခိုင်မာစွာပြသဖို့လိုအပ်တယ်” လို့ သူမကပြောခဲ့ပါတယ်။

Source Bangkok Post