Published - 17 Jan 2022

ယ​​နေ့(ဇန်နဝါရီ ၁၇ရက်)တွင် ပြည်ပမှပြန်လာသည့် မြန်မာနိုင်ငံသား ၃၆ ဦးနှင့် နိုင်ငံခြားသား ၆ ဦးတို့တွင် အိုမီခရွန်ပိုး ထပ်မံ​တွေ့ ရှိခဲ့သည့်အတွက် ယ​နေ့အထိ မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုး​တွေ့ ရှိသူ စုစုပေါင်း ၁၁၈ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ကျန်းမာ​ရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက်

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ ဆောင်ရွက်ခဲ့ရာတွင် SARS-Cov-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ(၄၂)ခုတွင် အတည်ပြု တွေ့ ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြတ်ချက်မှာ ​ဖော်ပြထားပါတယ်။

 အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူများသည် Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အိန္ဒိယနိုင်ငံမှ (၂၁)ဦး၊ မလေးရှားနိုင်ငံမှ (၁၂)ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၄)ဦး၊ ထိုင်းနိုင်ငံမှ (၃)ဦး၊ ယူအေအီးနိုင်ငံမှ (၁)ဦး နှင့် စင်ကာပူနိုင်ငံမှ (၁)ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

 အိုမီခရွန်ရောဂါပိုးတွေ့ ရှိသူများအား သီးသန့်ထားရှိကာ ကုသ စောင့်ရှောက်မှုများ ဆောင်ရွက် လျက်ရှိပြီး

၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း(Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများပြုလုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

 ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေး လေယာဉ် (Relief Flight)များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ ရှိမှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိ​တယ်လို့လည်း သိရပါတယ်။

 

ygm/kg

#Yangon_Media_Group