#Local_News
Published - 17 Jan 2022


၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ မီးလောင်မှု ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ် ၃၃ ဘီလျံကျော် ဆုံးရှုးခဲ့ရကာ ရန်ကုန်တိုင်းတွင် အကြိမ်ရေ ၃၁၀ ဖြင့် အများဆုံးဖြစ်တယ်လို နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါမီးလောင်မှုများကြောင့် ၁၀၅ ဦး သေဆုံး၍ ၁၅၁ ဦး ဒဏ်ရာရရှိခဲ့တယ်လိုလည်း ဖော်ပြထားပါတယ်။

ယင်းကဲ့သို ငွေကြေးများ ဆုံးရှုးခဲ့သည့် မီးလောင်မှုဖြစ်စဉ်များမှာ ကချင်ပြည်နယ်၌ ၈၁ ကြိမ်၊ ကယားပြည်နယ်တွင် ၁၉ ကြိမ်၊ ကရင်ပြည်နယ်တွင် ၃၃ ကြိမ်၊ ချင်းပြည်နယ် တွင် ၃၈ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၀၁ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၈၅ ကြိမ်၊ နေပြည်တော်တွင် ၇၁ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် အကြိမ် ၂၁၀၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၄၅ ကြိမ်၊ မွန်ပြည်နယ်တွင် ၁၃၂ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် အကြိမ် ၃၁၀၊
ရှမ်းပြည်နယ်တွင် ၁၇၃ ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၄၂ ကြိမ်ဖြင့် စုစုပေါင်း ၂၁၀၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။

ပြီးခဲ့သည့်နှစ် ၂၀၂၀ ပြည့်နှစ်တွင်လည်း နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၅ ဦး သေဆုံး၍ လူဦးရေ ၂၂၀ ဒဏ်ရာရရှိကာ ကျပ်ခြောက်ဘီလျံကျော်ဆုံးရှုးခဲ့ရတယ်လို မီးသတ်ဦးစီးဌာန၏ နှစ်ချုပ်စာရင်းများအရ သိရပါတယ်။

Photo - MFSD

ymg/kg
#Yangon_Media_Group