#LocalNews

Published - 16 Jan 2022

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးသွားကားလမ်း၊ ဇလဲကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းရရှိထားသူ စိုးမြင့် နှင့် ထွန်းလင်း တို့အား DONG FENG ၂၂ ဘီး တွဲကားမော်တော်ယာဉ်နှင့်လည်းကောင်း၊ ပူးပေါင်းပါဝင်သည့် ရှိင်းကိုကို နှင့် ဝမ်လောက်စီ(ခ)ကွယ်ရုံ(ခ)တာကော တို့အား မော်တော်ဆိုင်ကယ်ဖြင့်လည်းကောင်း အတူတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ တွဲကားယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၀ ကီလို နှင့် မြန်မာငွေကျပ် ၂၂ သိန်း တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအားရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၄ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

YMG/hm

#Yangon_Media_Group