#LocalBusiness

Publishe-16 Jan 2022

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးများရိတ်သိမ်းချွေလှေ့လျက်ရှိပြီး အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးများလည်း အနည်းငယ်ထွက်ရှိလာကာ စျေးကွက်အခြေအနေမှာ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်နည်းပါးလျက်ရှိနေတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနကသိရပါတယ်။

 

ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှုရှိနေကာ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်း ၅၂ ပေါင် (၁,၂၀၀,၀၀ဝိ/-) ဝန်ကျင်ရှိပြီး၊စက်ပိုင်ကုန်သည်များမှ သိုလှောင်လျက်ရှိပါတယ်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ် ဈေးနှုန်းပေါင် ၅၀ (၆၆၀,၀၀ဝိ/- - ၆၇၀,၀၀ဝိ/-)ဖြစ်သည်။မနောသုခ၊ ဆင်းသုခဆန် ၁ အိတ်ဈေးနှုန်း ၁၄၀ဝိ/-ရှိနေပြီး၊အရောင်းအဝယ်အေးလျက်ရှိတယ်လို့ သိရပါတယ်။

 

ဟင်္သာတမြို့နယ်တွင် စပါးဈေးနှုန်း ၄၆ ပေါင် (၆၁၅,၀၀ဝိ/- - ၆၇၀,၀၀ဝိ/-)ရှိနေပြီး၊ ဆင်းသုခ ဆန် ၁ အိတ် ဈေးနှုန်း ၂၂,၅၀ဝိ/- ရှိကာ လေးမျက်နှာမြို့နယ်တွင် စပါးဈေးနှုန်း ၄၆ ပေါင် (၆၈၀,၀၀ဝိ/-)ရှိနေပြီး၊ဆင်းသုခ ဆန် ၁ အိတ် ဈေးနှုန်း (၂၅,၀၀ဝိ/- ၂၆,၅၀ဝိ/- )ရှိပြီး ဒေသတွင်းဝမ်းစာသိုလှောင်မှုများ ရှိနေပါတယ်။

 

ဇလွန်မြို့နယ်တွင် စပါးဈေးနှုန်းပေါင် ၅၀ (၆၆၀,၀၀ဝိ/- ၆၇၀,၀၀ဝိ/-)ရှိနေပြီး၊ဆင်းသုခ ဆန် ၁ အိတ် ဈေးနှုန်း (၂၃,၀၀ဝိ/- ၂၄,၀၀ဝိ/- )ဖြစ်ကာ မအူပင်ခရိုင်တွင် နှံကားစပါးပေါင် ၅၀ ဈေးနှုန်း(၆၄၀,၀၀ဝိ/- ၆၅၀,၀၀ဝိ/-)နှင့် မနောသုခပေါင် ၅၀ စပါးဈေးနှုန်း (၆၈၀,၀၀ဝိ/- ၇၀၀,၀၀ဝိ/-)ဖြစ်ပြီး၊ နှံကားဆန် ၁ အိတ်ဈေးနှုန်း (၂၂,၅၀ဝိ/- ၂၃,၅၀ဝိ/- )နှင့် ဆင်းသုခ ၁အိတ်ဈေးနှုန်း (၂၄,၀၀ဝိ/-၂၅,၀၀ဝိ/-)ဖြစ်ပြီး ပေါ်ဆန်းစပါး ၅၂‌ ပေါင်ဈေးနှုန်း (၇၅၀,၀၀ဝိ/- ၁,၀၀၀,၀၀ဝိ/-)၊ ပေါ်ဆန်းဆန် ၁ အိတ် ဈေးနှုန်း (၃၈,၀၀ဝိ/- ၃၈,၅၀ဝိ/- )ဖြစ်ပြီး၊ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)သို့ တင်ပို့မှုအနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

 

ဒေးဒရဲမြို့နယ်တွင် ပေါ်ဆန်းစပါး ၅၂‌ ပေါင်ဈေးနှုန်း (၁,၀၀၀,၀၀ဝိ/-)ဖြစ်ပြီး၊ ပေါ်ဆန်းဆန် ၁ အိတ် ဈေးနှုန်း (၃၉,၀၀ဝိ/-၄၁,၀၀ဝိ/-)ရှိ‌နေပြီး၊ ရက် ၉၀ စပါးဈေးနှုန်း ၅၂ ပေါင်မှာ(၇၀၀,၀၀ဝိ/-၇၂၀,၀၀ဝိ/-)၊ ဆန်ဈေးနှုန်းမှာ(၃၂,၀၀ဝိ/-ဖြစ်ပြီး၊ ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)သို့ ရောင်းချလျက်ရှိတယ်လို့ မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

YMG/hm
#Yangon_Media_Group