#LocalNews

Published-16 Jan 2022

 

ယနေ့မနက် ၄ နာရီ ၁၄ မိနစ်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊စောရန်ပိုင်(အနောက်ရပ်ကွက်)ရှိ "ထူး" စက်သုံးဆီအရောင်းဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

လောင်ကျွမ်းမှုဖြစ်စဉ်အား Level 1 အဆင့်သတ်မှတ်ကာ မီးသတ်တပ်ဖွဲ့ကငြိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၅ မိနစ်တွငမီးထိန်းနိုင်ခဲ့ပြီး ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

 

"မီးလောင်မှုဖြစ်စဉ်နဲ့ပက်သက်ပြီး စုံစမ်းနေဆဲဖြစ်ပါတယ်။စက်သုံးဆီဆိုင်ဖြစ်တဲ့အတွက် မီးကြွင်းမီးကျန်မရှိဖို့ ငြိမ်းသတ်ထားပါတယ်"လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

 

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့က မီးသတ်တပ်ဖွဲ့နဲ့အလုံမြို့နယ်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်းငြိမ်းသတ်ခဲ့တာလို့ သိရပါတယ်။

YMG/hm

Photo- MFSD

#Yangon_Media_Group