#LocalNews

Published- 15 Jan 2022

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ထုံးဘို-မြစ်ငယ် သွားကားလမ်း၊ မိုင်တိုင်အမှတ်(၈/၅)အနီးတွင်ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်လာဖို့ ရပ်တန့် ထားတဲ့FUSO ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် ဇန်န ဝါရီ(၁၀)ရက်၊နံနက်(၁)နာရီကငွေကျပ် ၂၄ဒသမ၅ ဘီလီ ယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ၎င်းယာဉ်နှင့် အတူ တိုင်းကျော် အား တွေ့ရှိပြီး ယာဉ်ပေါ်တွင် ကျောက် မီးသွေးများဖြင့် ဖုံးအုပ်ထားသည့် ဆာလာအိတ်များ အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂၄ ဒသမ ၅ ဘီလီ ယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၀၀၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်း သိမ်းဆည်းရမိခဲ့ပြီး စစ် ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါး များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးများသယ်ဆောင်လာသူတိုင်းကျော်အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm

#Yangon_Media_Group