#LocalNews
Published-15 Jan 2022

တောင်ကြီးမြိုပေါ်ရှိနေရပ်စွန့်ခွါပြည်သူတွေ နေထိုင်ရာ camp များကို ရှမ်းပြည်နယ်ကြက်ခြေနီအဖွဲ့ကသွားရောက်ကာcovid 19 အခမဲ့စစ်ဆေးပေးခြင်း၊ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သူများကို ကျန်းမာရေးဌာနနှင့်ပူးပေါင်းကာဆေးဝါးများလှူဒါန်းခြင်း၊ အစားအစာအခြောက်များပေးဝေခြင်းတို့ကိုကြက်ခြေနီစေတနာ့ဝန်ထမ်းများမှနေ့စဥ်လိုက်လံဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဇန်ဝါရီလ ၁၄ရက်နေ့ကလည်း ကယားပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့ကို တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၂၀၀ကျော်အတွက် လိုအပ်တဲ့ တစ်ကိုယ်ရေသုံးပစ္စည်တွေကို ရှမ်းပြည်နယ်ကြက်ခြေနီအဖွဲ့ကသွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။

ဇန်နဝါရီ ၉ရက်နေ့က လွိုင်ကော်မြို့အနီး ပတ်ဝန်းကျင်တွင် လေကြောင်းပစ်ခတ်မှု တွေကြောင့် ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ အနီးတဝိုက်က ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ရှမ်းပြည်တောင်ပိုင်းကမြို့တွေကိုထွက်ပြေးတိမ်းရှောင်လာနေတာဖြစ်တယ်လို့သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ရှမ်းပြည်နယ်တောင် ပိုင်းကတောင်ကြီး၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ ၊ ပင်လောင်းနဲ့ဆီဆိုင် စတဲ့မြို့တွေအပြင် စစ်ဘေးရှောင်ရာလမ်းတစ်လျှောက်က မြို့တွေမှာလည်းခိုလှုံနေရပြီးစစ်ရှောင်များအတွက် အစားအသောက်အတွက် ဒေသခံတွေထောက်ပံ့ပေးထားပြီး ရာသီဥတုကြောင့် အဝတ်အထည်နဲ့စောင်တွေ အခက်ခဲ များစွာရှိနေကြောင်း စစ်ရှောင်များကို ကူညီပေးနေတဲ့ သူတွေကဆိုပါတယ်။

လွိုင်ကော်မြို့တွင် တပ်မတော်နဲ့ ဒေသခံလက်နက်ကိုင်တို့အကြား ပြီးခဲ့တဲ့ ဇန်နဝါရီ (၆)ရက်နေ့က စပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းမှာ တိမ်ရှောင်လာသူတွေများပြားလာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အသီးသီးက စစ်ဘေးရှောင်တွေကို လက်ခံကူညီနေရတာဖြစ်ပါတယ်။


ymg/hm

#Yangon_Media_Group