#LocalNews

Published - 14 Jan 2022

 

ကချင်ပြည်နယ်ရဲ့ မြစ်ကြီးနားမြို့အပါအဝင် ပူတာအိုဒေသမှာပါ မိုးကြီးနေသည့်အတွက် ရေခဲတောင်တက်မည့်သူများအနေနဲ့ ရက် ရွှေ့ဆိုင်းကြဖို့ တောင်တက်လမ်းပြများက အကြံပြုထားကြပါတယ်။

 

ယမန်နေ့က နေရာအချို့မှာ မိုးရွာသွန်းမှုနဲ့အတူ မိုးသီးကြွေတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံအထက်ပိုင်းက ဒေသတွေမှာပါ မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့တာပါ။

 

ဒါ့အပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နောက်နှစ်ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးထစ်ချုန်း ရွာနိုင်မယ်လို့ ထုတ်ပြန်ထားတာပါ။

 

"ပူတာအိုမှာ မိုးကြီးပြီး ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ဖုန်ရန်ရာဇီ၊ မဒွယ်ရာဇီ ရေခဲတောင်တွေမှာ ရေခဲတွေတော်တော်များများ ထူထပ်နေတဲ့အတွက် ဒီရက်ပိုင်းထဲတောင်တက်ကြမည့်သူများ ရက်ရွေ့နိုင်ရင်ပိုကောင်းပါတယ်။ အန္တရာယ်ရှိနိုင်တာမို့ပါ။"လို့ ပူတာအိုမြို့ ဒေသခံ တောင်တက်လမ်းပြတစ်ဦးဖြစ်သူ ကိုဆန်လုရမ်ဆိန်း က အကြံပြုထားပါတယ်။

 

ယခုကာလဟာ ရေခဲတောင်တက်ရာသီကာလဖြစ်ပြီး ရေခဲတောင်တက်သူအများအပြားက ရေခဲတောင်ခရီးစဥ်တွေကို သွားရောက် နေကြတဲ့ကာလလည်း ဖြစ်ပါတယ်။

 

သို့သော်လည်း ယခု ၂၀၂၂ ခုနှစ်မှာ လာနီညာရာသီဥတုလည်း ဖြစ်ပေါ်တာကြောင့် ပုံမှန်နှစ်တွေထက် မိုးရွာသွန်းမှုတွေ ပိုမိုများပြားတတတ်တယ်လို့လည်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြတာပါ။

 

ဓါတ်ပုံ - ဆန်လုရမ်ဆိန်း(ပူတာအို)

 

YMG/kg
#Yangon_Media_Group