#LocalNews
Published - 14 Jan 2022
ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ရေတွင်းထဲပြုတ်ကျသူတစ်ဦးကို မီးသတ်တပ်ဖွဲ့က အချိန်မီ အသက်ရှင်လျှက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့(ဇန်နဝါရီ ၁၄)ရက်၊ နံနက် ၆ နာရီခွဲအချိန်ခန့်က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရေတွင်းထဲသို့ လူတစ်ဦးပြုတ်ကျနေကြောင်း သတင်းအရ သံတွဲခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။
ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် ရေတွင်းထဲသို့ ပြုတ်ကျနေသူ အမျိုးသား(၁)ဦးကို အသက်ရှင်လျှက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
YMG/kg
#Yangon_Media_Group