#LocalNews

#Published- 14 Jan 2022

 

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ ကျော်စံမင်းမောင်းနှင်ပြီး ဇော်မင်းဦး နှင့် အောင်ဗလ တို့ လိုက်ပါလာသည့် NISSAN ၁၀ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၈,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၈၀၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မန္တလေးမြို့၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ဦးစီးသယ်ဆောင်သူများဖြစ်ကြသည့် အောင်နိုင် နှင့် ဖိုးဇော် တို့ ၂ ဦးအား SURF မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိပါတယ်။

 

၎င်းတို့ ၅ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

YMG/hm

#Yangon_Media_Group