#LocalNews

Published-12 Jan 2022

 

မြန်မာနက်မှ အင်တာနက်ဝန်ဆောင်မှုအချို့ ဈေးနှုန်းများ ဇန်နဝါရီ ၈ ရက်မှ စတင်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သုံးစွဲသူများထံ ကြေညာထားပါတယ်။

 

ပြောင်းလဲလိုက်တဲ့ အင်တာနက်ဈေးနှုန်းအချို့မှာ အနည်းဆုံး ကျပ် ၁,၀၀၀ မှ အများဆုံး ကျပ် ၆,၀၀၀ အထိတိုးမြှင့်ထားပြီး အဝသုံးဖုန်းအင်တာနက်ဈေးနှုန်းတွေကတော့ ပြောင်းလဲခြင်းမရှိကြောင်း ကြေညာထားပါတယ်။

 

ယခုကဲ့သို့ ပြောင်းလဲရတာဟာ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြောင်းလဲတာလို့ ဆိုပါတယ်။

 

မြန်မာနက်က ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်တဲ့ အင်တာနက်ဈေးနှုန်းပြောင်းလဲမှုဆိုင်ရာကြေညာချက်မှာ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေအရ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ခွန်များကိုတိုးမြှင့်ကောက်ခံဖို့ လိုအပ်သဖြင့် မြန်မာနက်အင်တာနက်အနေနဲ့ အမြတ်အစွန်းကိုမတိုးမြှင့်ဘဲ အင်တာနက်ဈေးနှုန်းအချို့ကို ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်တာပါ။

 

ဈေးနှုန်းပြောင်းလဲမှု အသေးစိတ်အချက်တွေကို myanmarnet.com ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

 

မြန်မာနက်အနေနဲ့ မြန်မာနက်နဲ့ မြန်မာနက် Plus အင်တာနက်ဝန်ဆောင်မှုတွေအတွက် တပ်ဆင်ကြေးကို ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်မှစပြီး ကျပ် ၁၉,၀၀၀ မှ ၁၈,၀၀၀ သို့လျှော့ချကာ ခြောက်လအရစ်ကျပေးနိုင်တဲ့အစီအစဉ်ကိုလည်း ပြုလုပ်ထားပါတယ်။

 

YMG/ee

photo - internet#Yangon_Media_|Group