#LocalNews
Published - 11 Jan 2022
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲမြို့ အနီးတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူ တွေ အလွန်များပြား နေတယ်လို့ ဒေသခံများ ရဲ့ပြောပြချက်အရ သိပါတယ်။
ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှ စတင်၍ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အနီးတစ်ဝိုက်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ရောင်းဝယ်ဖောက်ကားမှု တွေက ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများတွင် အသက် (၁၀)နှစ်နှင့် (၁၂)နှစ်အရွယ် ကလေးငယ်များနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ရှမ်းပြည်နယ်အခြေစိုက် ဒေသမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
"မူးယစ်ဆေးဝါးသုံးစွဲသူ တွေတအားများနေတာဟုတ်ပါတယ်။ သူတို့သုံးတဲ့ နေရာက မြို့ပြင်မှာပေါ့ နော်၊ အဲ့နားတစ်ဝိုက်ကလည်း လူနည်းနည်းပြတ်တယ်။ မြို့ ပြင်နည်းနည်းကျတယ်လို့ ပြောလိုရတာပေါ့။ ဒါပေမဲ့ လူနေရပ်ကွက် တွေနဲ့လည်းနီးပါတယ်။ ဒီဟာက ပြောရရင် အတော်ခက်တယ် အခုက မြို့ပတ်ဝန်းကျင်မှာလည်း မငြိမ်မသက်တွေဖြစ်နေ တော့ အကုန်လုံးကထိတ်လန့် နေရတာပေါ့။ ခေတ်ကာလကလည်း မကောင်းတော့ မြို့အနီးတစ်ဝိုက်မှာ မူးယစ်ဆေးသုံးတဲ့သူ တွေများလာတယ်။ ထိန်းချုပ်တဲ့သူ မရှိတဲ့ ပုံစံမျိုးဖြစ် နေတာ ပေါ့။ ပြောရရင် မူးယစ် ဆေးဝါး အ ရောင်းအဝယ် လုပ်တဲ့သူတွေက သဘောကျတာပေါ့နော်။ သူတို့က ရောင်း နေရတာကိုး၊ မြို့နဲ့မလှမ်းမကမ်းမှာတော့ ဒီလို တွေဖြစ် နေကြတာပါ။"လို့ ကျောက်မဲမြို့ ဒေသခံတစ်ဦးက ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။
ကျောက်မဲမြို့ အနီးတစ်ဝိုက်မှာ အခုလို မူးယစ်ဆေးဝါးသုံးစွဲသူ တွေနဲ့ ရောင်းဝယ်ဖောက်ကားသူ တွေ အလွန်များပြားနေတာကြောင့် ဒေသခံများအနေနဲ့ စိုးရိမ် ကြောင့်ကျမှု တွေရှိနေပြီး မူးယစ် ဆေးဝါး သုံးစွဲမှု များပြားနေခြင်း တွေကို သက်ဆိုင်ရာ အဖွဲ့အစည်း တွေအ နေနဲ့ ထိန်းချုပ် ကိုင်တွယ်ပေးဖို့ကိုလည်း ဒေသခံတွေက လိုလားလျက်ရှိတယ်လို့ သိရပါတယ်။
Photo - The Ko Kang
ymg/kg
#Yangon_Media_Group