#LocalNews
Published - 10 Jan 2022


ဒီကနေ့ မွန်းလွဲပိုင်းအချိန်က မန္တလေး-လားရှိးလမ်းတွင် ၆ ဘီးယာဥ်နှင့် အိမ်စီးယာဥ်တို့မျက်နှာချင်းဆိုင်တိုက်မိခဲ့သည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိးလမ်း၊ ၁၉ မိုင်အနီးတွင် (၆)ဘီးယာဉ်နှင့် Honda Insight ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားခဲ့တာပါ။

ယာဥ်တိုက်မှု ဖြစ်ပွားရာသို့ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် Honda Insight ယာဉ်မောင်း(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူကိုလည်း အုန်းချောစေတနာမွန်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo - MFSD

ymg/kg
#Yangon_Media_Group