#LocalNews
#စွန့်ဦးတီထွင်လိုသောလူငယ်များအတွက်အေးမြသာယာအဆင့်မြင့်ဈေးတွင်အခမဲ့ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်
++++++++++++++++++++++++++++++++++++++++++++++++++
Published - 10 Jan 2022
 
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အေးမြသာယာ အဆင့်မြင့်နှစ်ထပ်ဈေးကြီးမှာ ဘန်ကောက်မြို့မှာ ရှိကြတဲ့ ညဈေးတွေလို အဆင့်မီ ညဈေးတစ်ခုကို ထည့်သွင်းဖန်တီးလိုက်ပါပြီ။ စွန့်ဦးတီထွင် လုပ်ငန်းလုပ်လိုတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေအနေနဲ့ ဆိုင်ခန်းတွေကို အခမဲ့ ငှားရမ်းရောင်းချနိုင်ဖို့ အစီအစဉ်တစ်ခုကိုလည်း စတင်နေတယ်လို့ သိရပါတယ်။ 
 
#Yangon_Media_Group