#LocalNews
Published - 10 Jan 2022


တိုက် ၈ လွှာ ပေါ်မှ လူတစ်ဦးပြုတ်ကျ သေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ယနေ့ ဇန်နဝါရီ ၁၀ရက်(နံနက်ပိုင်း)အချိန်က တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ပုညဝဎုနလမ်း၊ အိမ်အမှတ်(၂၇)မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူမှာ အဆိုပါတိုက် ၈ လွှာတွင် နေထိုင်သည့် ဦးခင်မောင်မြင့်(ဝန်ထမ်း အငြိမ်းစား)တစ်ဦးဖြစ်သည်ဟု သိရပြီး ယနေ့ နံနက် ၁၀ နာရီခန့်မှာ ၄င်းနေထိုင်ရာ တိုက်၏ မြေညီထပ်ရှိ ဂျပန်ကားပစ္စည်း‌ဆိုင်ရှေ့သို့ ပြုတ်ကျသေဆုံးခဲ့ရတာဖြစ်တယ်လို့ ရပ်ကွက်နေဒေသခံများရဲ့ပြောပြချက်အရ သိရပါတယ်။

"ကျမမိတ်ဆွေ ပင်စင်စားတစ်ဦးကတော့ မိသားစု အတွင်း(Depression)ဝင်ပြီး တိုက်မှခုန်ချတာပါ။
ပွဲချင်းပြီးသေဆုံးပါတယ်။"လို့လည်း သေဆုံးသူ၏ မိတ်ဆွေဖြစ်သူကလူမှုကွန်ရက်ပေါ်တွင် မှတ်ချက်ပြုရေးသားထားခဲ့သည်ကိုတွေ့ရပါတယ်။

ဘာကြောင့် ဘယ်လိုသေဆုံးရသည်ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများကဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

"လင်မယားချင်း ရန်ဖြစ်ပြီး ခုန်ချလိုက်ရမလား ပြောနေတုန်း အောက်ကိုပြုတ်ကျ အောက်က ကားမှန်များကွဲတယ်။ အခုတော့ Dead body သယ်သွားပါပြီ။"လို့ အဆိုပါ လမ်းအတွင်း နေထိုင်သူတစ်ဦးကပြောပြခဲ့ပါတယ်။

Photo - CJ
ymg/kg
#Yangon_Media_Group