#LocalNews
Published - 10 Jan 2022


ရန်ကုန်မြို့ ရှိ တက္ကစီယာဥ်မောင်းများအနေနဲ့ အခုကာလမှာ ဓါးထောက်လုယက်မှုတွေကို အများဆုံးကြုံတွေ့နေရတယ်လို့ တက္ကစီယာဥ် မောင်းနှင်သူများထံမှ သိရပါတယ်။

ဓါး ထောက်လုယက်သူတွေက တက္ကစီစီးနင်းသည့် ခရီးသည်ဟန်ဆောင်ကာ ဓါး ထောက်၍ ယာဥ်မောင်းများထံမှ ငွေကြေးတောင်းခံမှု တွေကို ပြုလုပ်နေတာဖြစ်တယ်လို့ တက္ကစီယာဥ်မောင်းတွေက ဆိုပါတယ်။

"အခုတလော အဲ့ဒါတွေက တော်တော်ကြားနေရတယ်။ တက္ကစီလောကမှာပေါ့ လေ၊ ဟိုနေ့က ကျနော့်မယား ညီအစ်ကို တစ် ယောက် သူလည်းတက္ကစီမောင်းတာပေါ့။ အဲ့လိုပဲ ခရီးသည်ရလို့ တောင်ဒဂုံဘက်တင်သွားတယ်။ ခရီးသည်ပုံစံကြည့်တော့ မိသားစုပုံစံဘဲ၊ သူတို့မှာ ကလေး လေးတစ်ယောက် တောင်ပါတယ် ပြောတယ်။လူပြတ်တဲ့နေရာ ရောက်မှ ကားဌားလာတဲ့သူက နောက်ကနေ ဓါး ထောက်ပြီး ရှိတဲ့ ငွေတောင်းတယ်၊ ဖုန်းပါ တောင်းတယ်။ ဓါး ထောက်ထား တော့လည်း ပေးလိုက်ရတယ်။ အဲနေ့က သူကားဆွဲလို့ရတာ ၂ သောင်း ကျော်နဲ့ သူကိုင်နေတဲ့ဖုန်း လေး ပါသွားတယ်။ ဖုန်းက တော့သိပ် မကောင်းဘူး ပေါ့ ပြောရရင်စုတ်နေတာပေါ့ နော်။ နောက်ပြီး အဲ့ဒီ လုတဲ့သူကဘဲ ပြောသွား သေးတယ် မင်းကို တိုက်ရတာ မတန်ဘူးတဲ့ အဲ့လို တွေဖြစ်နေတာပေါ့။ ဘယ်မှလည်း တိုင်မရနဲ့၊ ဒီလိုဘဲ သတိထားပြီးဘဲ သွားလာရတာ ပေါ့။ ခရီးသည်တင်ရင်လည်း သေချာကြည့်ပြီးမှ လိုက်ရတာပေါ့နော်။ သူက ဒုက္ခပေးနိုင်လား၊ မပေးနိုင်ဘူးလား ဆိုတာကိုပေါ့လေ။" လို့ ရန်ကုန်မြို့တွင် တက္ကစီ မောင်းနှင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

ယခုလို လုယက်မှုဖြစ်စဥ်များရှိ နေသည်ကို သတိပြုနိုင်ရန် တက္ကစီယာဥ်မောင်း အချင်းချင်း အသိပေးမှုတွေလည်း ပြုလုပ်ထား ရကြောင်း တက္ကစီယာဥ်မောင်းနှင်သူတွေက ဆိုပါတယ်။

"လူကြည့်ပြီးဘဲလိုက်ရတာပေါ့။ အခုကာလမှာ တအား ဝေးတဲ့ဘက်တွေဆို ပိုက်ဆံဘယ် လောက်ပဲရရ မလိုက်ရဲတော့ဘူး။ ပိုက်ဆံထက် အသက်ကအရေးကြီးတာပေါ့ နော်။" ၄င်းက ဆက်လက် ပြောပြခဲ့ပါတယ်။

ymg