#LocalBusiness


published- 10  Jan 2022

ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များမှ မတ်ပဲအသစ်များဈေးကွက်အတွင်းအဆက်မပြတ်ဝင်ရောက်လျှက်ရှိပြီး ယခင်ကာလတူနှစ်များထက်အဖွင့်ဈေးကောင်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီူမတ်ပဲအသစ်အဝင်နည်းပါးနေသေးသော်လည်း ပြည်ပတင်မှုအ လားအလာအခြေအနေကောင်းများကြောင့် အရောင်းအဝယ်သွက်နေတယ်လို့ ဧရာကုန်သွယ်မှု ဗဟိုဌာနကသိရပါတယ်။

တပါတ်အတွင်း မတ်ပဲဈေးနှုန်းများမှာ ဇန်နဝါရီလ ၃ /၄/၅/၆ ရက်နေ့များတွင် တစ်တင်းလျှင် ကျပ် ၄၂၀၀၀၊ ၇ ရက်နေ့တွင် ကျပ် ၄၃၀၀၀၊ ၈/၉ ရက်နေ့တွင် ကျပ် ၄၄၀၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၄၅၀၀၀ ထိပေါက်ဈေးရှိနေပြီး မတ်ပဲအဟောင်းမှာလည်း အသစ်ဈေးထက် ကျပ် ၅၀၀-၁၀၀၀ ခန့်ဈေးကွာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့သတင်းအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ပြည်တွင်းပဲဈေးနှုန်းသည်လည်း တစ်ကွမ်တယ်လျှင် ရူပီး ၁၀၀ ခန့်ဈေးတက်လာကာ မတ်ပဲနှင့်ပဲစဉ်းငုံကို ကန့်သတ်ကုန်စည်အဖြစ်မှကင်းလွတ်ခွင့်ပြုပြီး ဘဏ္ဍာနှစ် ၅နှစ်တာကာလအတွင်း တစ်နှစ်လျှင် မတ်ပဲတန်ချိန် ၁.၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် တသိန်းနှစ်စဉ်တင်သွင်းခွင့် G to G သဘောတူလက်မှတ်ရေးထိုးပြီးနောက် မြန်မာမတ်ပဲ ဝယ်လိုအားကောင်းလျှက်ရှိကာ မတ်ပဲအသစ်မှာလည်း ဈေးကောင်းရရှိတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံသည် မတ်ပဲစားသုံးမှုမြင့်မားသည့်အပြင် မတ်ပဲခွဲခြမ်းအနေဖြင့်ပြန်လည်ပြုပြင်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ လျှက်ရှိရာ အိန္ဒိယ၏နှစ်စဉ်မတ်ပဲစားသုံးမှုမှာ တန်ချိန် ၂၇-၂၈ သိန်းခန့်ရှိကာ မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၁. ၂ သိန်းနှင့် ယခုနှစ်မတ်ပဲခန့်မှန်းထွက်ရှိတန်ချိန် ၆. ၇၅ သိန်း၊ နှစ်ခုပေါင်း တန်ချိန် ၈ သိန်းအနက် တန်ချိန် ၇. ၅ သိန်းခန့် ပြည်ပတင်ပို့ ရန်ရှိကြောင်း Agri World Mumbai ကခန့်မှန်းထားပါတယ်။


ymg/hm

#Yangon_Media_Group