#Local_News
Published - 10 Jan 2022


စိတ်မနှံသူတစ်ဦးက ကိုယ့်အိမ်ကိုယ် မီးရှို့ ခဲ့ရာမှမီး လောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီက နေ့ နံနက်(အစောပိုင်း)အချိန်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဝဲကြီးကျေးရွာတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီး လောင်မှုဟာ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်၊နံနက် ၃ နာရီခွဲ အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေအိမ်တစ်လုံး ဆုံးရှုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

"သူက စိတ်မနှံတဲ့သူပေါ့၊ ဖြစ်တာလည်းကြာနေပြီ နှစ် ၂၀  လောက်ရှိပြီ ပြောပါတယ်။ သူက နေပြီးတော့ ကိုယ့်အိမ်ကိုယ် ပြန်မီးရှို့ ခဲ့တာကနေစပြီး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။နေအိမ်တစ်လုံးပါဘဲ၊ သူနေထိုင်တဲ့  နေအိမ်တစ်လုံးဘဲ ဆုံးရှုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူလည်း
မရှိခဲ့ပါဘူး။ ကျန်တဲ့ နေအိမ်တွေကိုလည်း ကူးစက်လောင်ကျွမ်းခြင်းမရှိခဲ့ပါဘူး။"လို့ တောင်ကုတ်မြို့နယ် အခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက  ပြောပြခဲ့ပါတယ်။

အဆိုပါမီးလောင်မှုကို တောင်ကုတ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ ဖြင့် သွားရာက်ငြှိမ်းသတ်ခဲ့ရပြီး နံနက် ၄ နာရီ၊မိနစ် ၅၀ အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo - MFSD
ymg/kg
#Yangon_Media_Group