Published 9 January 2021

ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၇သန်းခန့်တန်ဖိုးရှိတဲ့ ကိုဗက်ဇင်း COVAXIN ကိုဗစ်ကာကွယ်ဆေး၂သန်း လှူဒါန်းတဲ့ အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးမစ္စတာမာရုယာမနှင့် ဂျပန်သံရုံးမှတာဝန်ရှိသူများ၊ကျန်းမာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ ကာကွယ်ဆေး(၂)သန်းထဲက ဒီကနေ့မှာ ပထမအသုတ်အဖြစ်ကာကွယ်ဆေးတစ်သန်းရောက်ရှိခဲ့တာဖြစ်ပြီး ဒုတိယအသုတ်တ(၁)သန်းဟာ မကြာမီရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါဟာ ၂၀၂၁ခုနှစ် နိုဝင်ဘာ(၁၂)ရက်မှ(၁၈)ရက်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှာ နိပွန်ဖောင်ဒေးရှင်းအနေနှင့် မြန်မာနိုင်ငံကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် ကိုဗစ်ကာကွယ်ဆေး (၂)သန်းလှူဒါန်းမယ့်အကြောင်းကြေညာခဲ့ပြီးနောက် ယခုကိုဗစ်ကာကွယ်ဆေးပထမအသုတ် (၁)သန်းရောက်ရှိလာတာဖြစ်ပါတယ်။