#LocalNews
Published -9 Jan 2022


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၅၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနဲ့ ကွင်းဆက် တရားခံများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေသိရပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့ ၁၀နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ၀င်များပါ၀င်သောပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်းမကြီးတွင် လမ်းမကြီး အတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ လမ်းလျှောက်လာသူ ယဉ်ဌေး အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၅၀၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့တယ်လို့သိရပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၁နာရီ၃၀မိနစ် အချိန် မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ အထက်ရေပုန်းရပ်၊ ဗန္ဓုလလမ်းရှိ -----ဟိုတယ်တွင် တည်းခိုနေထိုင်သူ သန်းထူးအောင် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ စစ်ဆေးပေါ်ပေါက်ချက် အရ ၁၄၀၀ အချိန် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီးရပ်၊ မြို့ပတ်(၂)လမ်းနေ ထွန်းနိုင် ၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် မတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၃၆၀၀)နှင့် ဘိန်းစာမှုန့်အလေးချိန် ၂.၇၂ ကီလို(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁.၃၆ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လိုသိရပါတယိ။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှ ယဉ်ဌေး(၃၈)နှစ် နှင့် သန်းထူးအောင်(၄၁)နှစ် တို့အား မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm

 

#Yangon_Media_Group