#LocalNews
Published-9Jan2022
 
ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံ ညှိနှိုင်းမှု အရ တစ်ပါတ်လျှင် တစ်ကြိမ် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ခွင့်ပြုပေးလျက်ရှိရာ ယခုတစ်ပါတ်လျှင်မြန်မာနိုင်ငံသား ၂၂၁ဦး နေရပ်ပြန်ခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။
 
ကိုဗစ်ရောဂါပိုး ရဲ့မျိုးကွဲအိုမီခရွန်ကူးစက်ပျံံ့ပွား မှုကြောင့် ယခင်က တစ်ရက်ခြား တစ်ခါနေရပ်ပြန်ခွင့်ပြုခဲ့သော်လည်း ယခုအခါ နှစ်နိုင်ငံညှိနှိုင်းမှုအရ တစ်ပါတ်လျှင်တစ်ကြိမ်ခွင့်ပြုပေးခဲ့ပြီး ထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်ကာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို နေရပ်ပြန်ခွင့်ရဖို့ အလုပ်သမားသံအရာရှိရုံးက ညှိနှိုင်းဆောင်ရွက်ပေးတာဖြစ်တယ်လို့သိရပါတယ်။
 
"လူမှုကွန်ရက်ပေါ်ကလူလိမ်ပွဲစားများကိုအထူးသတိထားပြီးနေရပ်ပြန်ရန်ဖို့လိုပါတယ်။ ကားသမားလာပစ်ထားတဲ့မြန်မာအချို့ကိုအလုပ်သမားသံအရာရှိရုံးနဲ့ ဒေသဆိုင်ရာထိုင်းရဲတပ်ဖွဲ့ကက နေရပ်ပြန်လိုသူအချို့ကိုမကြာခဏကူညီကယ်ဆယ်ခဲ့ရပါတယ်"လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌဦးမိုးကြိုးကပြောပါတယ်။
 
မဲ့ရမတ်မြို့နယ်ဘက်မှခိုး၀င်မြန်မာများအရေးကိုအလုပ်သမားသံအရာရှိကညှိနှိုင်းဆောင်ရွက်ပေးနေဆဲဖြစ်ကာယနေ့အထိပြန်ခွင့်ရသူ၂၂၇၇၀ ဦးရှိတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံ နယ်စပ်ဒေသတွေဖြစ်တဲ့ပရာကျို့ခီရီခန်၊ကန်ချနဘူရီ၊မဲ့ဆောက်ရေလယ်ကျွန်းနဲ့အာယုထိရားပြည်နယ်တို့ကနေတရားမဝင် ဝင်ရောက်တာကြောင့်ထိုင်းအာဏာပိုင်တွေဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား၂၁၄ဦးကိုအလုပ်သမားသံအရာရှိရုံးကအာမခံနဲ့ လွတ်မြောက်ရေးကူညီပေးထားပြီးအသုတ်လိုက်နေရပ်​ ပြန်အစီအစဉ်နဲ့ ပြန်လည်စေလွှတ်ပေးနေတယ်လို့သိရပါတယ်။
 
ymg/hm