#LocalNews

Published - 31 Dec 2021

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တို့တွင် ငွေကျပ်သိန်း ၁,၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်း၊ မိုးကြိုး ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုးကုတ်ဘက်မှ ပြင်ဦးလွင်ဘက်သို့ ကျော်ဆန်းဦး မောင်းနှင်ပြီး မြင့်စိုး လိုက်ပါလာသော TOYOTA MARK II မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူအလေးချိန် ၄.၄ ကီလို(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂ လမ်းနှင့် ၅၃ လမ်းကြား၊ ၁၁၀ E လမ်းနေ မြင့်သူ(ခ)ကိုသူ နှင့် ဒေါ်အေးဆိုင်မွမ်း(ခ)ဒေါ်သီရိခိုင် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းတို့အား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၉ သိန်း)၊ လက်ကိုင်ဖုန်း ၂ လုံး၊ မြန်မာငွေ ၁၀၀,၀၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ စျေးကြီးလမ်းတွင် သန်းတိုး၀င်း(ခ) သန်းတိုး မောင်းနှင်ပြီး ဉာဏ်မင်း လိုက်ပါလာသော -----ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ HYUNDAI STAREX အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိ ကွမ်းခြင်းများအတွင်းမှ ဘိန်းဖြူအလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၅၅၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား ထမ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ကျော်ဆန်းဦး(၄၉)နှစ်၊ မြင့်စိုး(၃၄)နှစ်၊ မြင့်သူ(ခ)ကိုသူ(၅၄)နှစ် နှင့် ဒေါ်အေးဆိုင်မွမ်း(ခ)ဒေါ်သီရိခိုင်(၄၂)နှစ် တို့အား ပြင်ဦးလွင်မြို့မရဲစခန်း နှင့် အောင်ပင်လယ်နယ်မြေရဲစခန်းတို့တွင် လည်းကောင်း၊ သန်းတိုး၀င်း(ခ)သန်းတိုး(၂၅)နှစ် နှင့် ဉာဏ်မင်း(၃၁)နှစ် တို့အား မြစ်ကြီးနားမြို့မရဲစခန်းတွင် လည်းကောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group