#LocalNews

Published - 31 Dec 2021

 

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၁၂) မြို့နယ်တွင် လျှပ်စစ်ဓါတ်အား ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်လိုက်ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး၊အလုံဓာတ်အားခွဲရုံရှိ 66kV Bus A နှင့် ဟုံဟိုင်းဓာတ်အားခွဲရုံရှိ 33kV Bus တို့အား ချိတ်ဆက်ဓာတ်အားပို့လွှတ်လျှက်ရှိသော
66/33kV,30MVA Transformer (၂)လုံးအား 66/33kV,50MVA Transformer (၂)လုံးဖြင့် အစားထိုးတပ်ဆင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို
(၁.၁.၂၀၂၂) ရက်နေ့တွင် ( ၁၁:၀၀ )နာရီ မှ ( ၁၃:၀၀ )နာရီ အထိလည်းကောင်း၊(၂.၁.၂၀၂၂) ရက်နေ့တွင် ( ၁၁:၀၀ )နာရီ မှ ( ၁၃:၀၀ )နာရီ အထိလည်းကောင်း၊အလုံဓာတ်အားခွဲရုံ 230/66/11kV, 155 MVA Transformer အား ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်သည့်အတွက် ယာယီလျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မှာဖြစ်တယ်လို့ YESC က ဆိုပါတယ်။

 

ထိုသို့ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောက်တံတား၊ပန်းဘဲတန်း၊လသာ၊လမ်းမတော်၊ဗဟန်း၊ဒဂုံ၊အလုံ၊လှိုင်၊စမ်းချောင်း၊ကမာရွတ်၊ကြည့်မြင်တိုင်၊မင်္ဂလာတောင်ညွန့်မြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - YESC

#Yangon_Media_Group