#LocalNews

Published - 28 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးမှာရှိတဲ့ ဓမ္မာရုံတွေအနီးမှာ လက်လုပ်ဗုံးတွေ့ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ယနေ့ ဒီဇင်ဘာလ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ရွှေတိဂုံဘုရားလမ်း ရွှေတိဂုံစေတီတောင်ဘက်မုခ်အရှေ့ ကျောက်စိမ်းဓမ္မာရုံနဲ့ ယစ်မျိုးဓမ္မာရုံအကြားတွင် လက်လုပ်ဗုံးတစ်လုံးကို လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 

"သတင်းအရသွားရောက်ပြီး လက်လုပ်ဗုံးတွေကို ဖယ်ရှားရှင်းလင်းခဲ့တာဖြစ်ပါတယ်"လို့ ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

 

ဖြစ်စဉ်သတင်းအရ ဓမ္မာရုံနှစ်ရုံကြားတွင် မသင်္ကာဖွယ်တွေ့ရတဲ့သတင်းအရ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ကရှင်းလင်းရာ သံပိုက်ဖြင့်ပြုလုပ်ထားသော မီးရှို့စနက်တံပါ လက်လုပ်ဗုံးတစ်လုံးဖြစ်တယ်လို့သိရပါတယ်။

#Yangon_Media_Group