Published 28 December 2021

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အသစ် နိုလင်းဟေဇာက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကျယ်ပြန့်များပြားလာနေတဲ့အပေါ် အလွန်စိုးရိမ်ပူပန်နေပြီး စစ်တပ်နှင့် အတိုက်အခံတွေအကြား နှစ်သစ်အပစ်အခတ်ရပ်ရေး တစ်ခုပြုလုပ်ကြဖို့ ဒီဇင်ဘာ ၂၇ရက်နေ့က ထုတ်ပြန်တဲ့ သူမရဲ့ သဘောထားကြေညာချက်ထဲမှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကရင်ပြည်နယ်နှင့် အခြားသော အစိတ်အပိုင်းတွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေများပြား ကျယ်ပြန့်လာတဲ့အတွက် အမျိုးသမီးတွေနှင့်ကလေးသူငယ်တွေအပါအဝင် အရပ်သားထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ  ထွက်ပြေးခဲ့ကြရတယ်။တော်တော်များများဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး အကာအကွယ်နှင့်အကူအညီရဖို့ ခိုလှုံရာရှာဖွေ နေကြရပြီး ဒီထက်ပိုများသူတွေဟာ နိုင်ငံတွင်းမှာ ပိတ်မိနေကြရတယ်လို့လည်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါ တယ်။

ပြည်သူများနှင့်ယင်းတို့၏စားဝတ်နေရေးဘဝများ အကျိုးကိုရှေ့ရှု၍ သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးက အဆုံးစွန်      ထိန်းချုပ်ကြဖို့နှင့် ငြိမ်းချမ်းသော အဖြေကိုရှာကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်ကို သူမကထပ်မံ တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအပြင် အာဆီယံအဖွဲ့ကြီးရဲ့ အချက်(၅)ချက်ပါ ဘုံသဘောတူညီချက်ကိုလည်း ပြန်လည်အမှတ်ရ  ပြောဆိုပြီး အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ကို တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ကပ်ဘေးကြောင့် မြန်မာပြည်သူတွေဟာ ကြီးမားစွာခံစားခဲ့ကြရပြီး လူမှုစီးပွားနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအခြေအနေတွေကလည်း ထပ်မံဆိုးရွားစေခဲ့ရပါတယ်။ ထိခိုက်ခံစာနေကြရတဲ့ မိမိရဲ့ပြည်သူတွေလိုအပ်နေတာက သေနတ်တွေကို အသံတိတ်လိုက်ကြဖို့နှင့် အကြီးအကျယ်လိုအပ်နေတဲ့ အချိန်မှာ ပြည်သူတွေကို အကာအကွယ် ပေးဖို့ပဲ ဖြစ်တယ်။မြန်မာ့ကလေးတွေရဲ့အနာဂတ်ကိုလည်းထည့်တွက်ကြရမယ်လို့ ကြေညာချက်ကဆိုပါတယ်။

နိုင်ငံတော်ရဲ့ကြီးမားတဲ့အကျိုးစီးပွားကို အဖွဲ့အစည်းအားလုံးက ဆောင်ရွက်ကြဖို့နှင့် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာကြဖို့၊ လိုအပ်ပါက လွတ်လပ်စွာသွားလာခွင့်ကိုအာမခံဖို့၊ အကြမ်းဖမ်းမှုကြောင့် အတင်းအကြပ်ထွက်ပြေးခဲ့ကြရသူတွေအပါအဝင်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်ကူညီနိုင်ဖို့ကိုပါ သူမကတောင်းဆိုခဲ့ပါတယ်။အဲဒီအတွက် မြန်မာတစ်နိုင်ငံလုံးမှာ နှစ်သစ် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ကြဖို့ သူမက မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီလအလယ်ကစပြီး သူမရဲ့တာဝန်စတင်ချိန်ကတည်းက အထူးကိုယ်စားလှယ်ဟာ မြန်မာဦးဆောင်တဲ့ လု့ပ်ငန်းစဉ်တစ်ခု ထောက်ခံအားပေးဖို့အတွက်  ပါဝင်ပတ်သက်သူအားလုံးနှင့် တက်ကြွစွာဆွေးနွေးတိုင်ပင်နေပါတယ်။ သူမရဲရုံးရဲ့ ထောက်ခံမှုနှင့် အထူးကိုယ်စားလှယ်ဟာ မျက်နှစာပေါင်းစုံမှာ ပြင်းထန်တဲ့ ဒေသဆိုင်ရာ ဂယက်ရိုက်ခတ်မှုဖြစ်လာတဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းကြောင့် ထိခိုက်ခံရသူတွေအားလုံးကို တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဂရုတစ်စိုက်နားထောင်ပေး မှာဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 ယခုကိစ္စတွင် အထူးကိုယ်စားလှယ်ဟာ ဒေသဆိုင်ရာစည်းလုံးညီညွတ်မှုအပေါ် အခြေပြုထားတဲ့ ဆက်စပ်ညီညွတ်တဲ့ နိုင်ငံတကာထောက်ခံအားပေးမှုကိုဆော်ဩစည်းရုံးဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာပြောထားပါတယ်။

မြန်မာပြည်သူများကိုထောက်ခံအားပေးဖို့နှင့် ငြိမ်းချမ်းရေးတိုးမြှင့်ဆောင်ရွက်ဖို့  သူမရဲ့ကတိကဝတ်ကိုလည်း အထူးကိုယ်စားလှယ်က ထပ်လောင်းအတည်ပြုပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။