#LocalNews

Published - 28 Dec 2021

 

တရုတ် - မြန်မာ နယ်စပ် မံမန်နယ်စပ်ဂိတ် ပို့ကုန်သွင်းကုန် စုစုပေါင်းပမာဏ တရုတ်ယွမ်ငွေ သန်း၂၀၀ ရှိခဲ့တယ်လို့ တရုတ်သံရုံက ထုတ်ပြန်ပါတယ်။

 


နိုဝင်ဘာလ ၂၆ ရက်နေ့က ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်းကနေ ကုန်ပစ္စည်းတွေကို တရားဝင် ပြန်လည်ဖြတ်သန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 


ယခုအချိန်အထိ တစ်ရက်ကို ပျမ်းမျှ မော်တော်ယာဉ်အစီးရေ ၄၀ ခန့် အဝင်အထွက်ပြုလုပ်လျက်ရှိပြီး အဝင်အထွက် မော်တော်ယာဉ်အစီးရေစုစုပေါင်း ၁,၀၀၀ ကျော်ကုန်သွယ်နေပါတယ်။

 


ဒါ့ကြောင့် ကုန်စည်သယ်ယူပို့ဆောင်မှု စုစုပေါင်းပမာဏတန်ချိန် ၃၀,၀၀၀ ကျော်ရှိပြီး ပို့ကုန်သွင်းကုန် စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ သန်း ၂၀၀ ခန့် ရှိပါတယ်။

 


ကုန်စည်သယ်ယူပို့ဆောင်ရေးနည်းလမ်းမှာ ယခင်ယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်တာကနေ ယခု ကွန်တိန်နာနဲ့ အတင်အချပြုလုပ်တဲ့ပုံစံနဲ့ သယ်ယူပို့ဆောင်နေတာပါ။

#Yangon_Media_Group