#Local_News


Published - 28 Dec 2021

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၁၈၁ ဦး၊ အမျိုးသမီး ၄၄ ဦး နှင့် အမျိုးသားငယ် (ကလေး) ၁၀ ဦး ၊ အမျိုးသမီးငယ် (ကလေး) ၅ ဦး စုစုပေါင်း လူဦးရေ ၂၄၀ မှာ ဒီဇင်ဘာလ ၂၇ ရက်က ပြည်တော်ပြန်လာခွင့်ရကြပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားသံအရာရှိရုံး ကသိရသည်။

ယင်းတို့အား အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြိုနယ် နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများမှ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ နောက်ပဲ့ချိတ်လှေ ၁၆ စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်ကလည်း  မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၄၃ ဦး နှင့် အမျိုးသားငယ် (ကလေး) ၉ ဦး ၊ အမျိုးသမီးငယ် (ကလေး) စုစုပေါင်း လူဦးရေ ၁၄၃ ဦးတို့ကိုရနောင်းမြို့ မှ ကော့သောင်းမြို့ သို့   နောက်ပဲ့ချိတ်လှေ (၉) စီးဖြင့်  ပြန်လည်ပို့ဆောင်ပေးခဲ့သေးသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား အရေအတွက်မှာ သုံးသန်းထက်မနည်းရှိနေကြောင်းနှင့် ယင်းတွင် တရားမဝင်အထောက်အထားမဲ့ နေထိုင်သူ များစွာ ရှိကြောင်းလည်း သိရသည်။

#Yangon_Media_Group