#LocalNews

Published - 27 Dec 2021

 

မန္တလေးတိုင်း သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာမှာ ရှမ်းပြည်နယ်တောင်ပိုင်းကနေ မန္တလေးတိုင်းကို သယ်ဆောင်လာတဲ့ ငွေကျပ် သိန်း ၃,၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းများ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးမိတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၂ နာရီခန့်မှာ သာစည်မြို့နယ် ကလော-သာစည်သွား ကားလမ်း၊ ကျွဲတပ်ဆုံကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ကလောမှ သာစည်ဘက်သို့ စောသူရအောင် မောင်းနှင်လာတဲ့ FUSO ၁၂ ဘီးကားအား သတင်းအရရှာဖွေရာ ကားပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၃,၁၀၀ ကျော် တန်ဖိုးရှိ ဘိန်း ၃၅၄ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းများအား ရှမ်းပြည်နယ်တောင်ပိုင်းမှ မန္တလေးတိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ စောသူရအောင်အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရ ပါတယ်။

#Yangon_Media_Group