#LocalNews

Published - 26 Dec 2021

ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများသည် Covid-19 ကူးစက်ရောဂါကာလအတွင်း လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေကြရာ နေရပ်သို ပြန်လည်ထွက်ခွာနိုင်ရေးအတွက် (၁၆) ကြိမ်မြောက် တိုင်ပေ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် အဖြစ်မြန်မာနိုင်ငံသား၁၀၇ဦး ကိုပိုဆောင်ပေးခဲ့တယ်လိုသိရပါတယ်။

ယနေ့ ဒီဇင်ဘာလ၂၆ရက် (တနင်္ဂနွေနေ့) နံနက်၇ နာရီချိန်တွင် တိုင်ပေမြိုမှ ရန်ကုန်မြို သို ပျံသန်းသည့် China Airlines လေကြောင်းပျံသန်းအမှတ် CI-7915 ကုန်တင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသား (၁၀၇) ဦးတိုသည် ရန်ကုန်မြိုသို ပြန်လည်ထွက်ခွာသွားခဲ့ပြီးပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ခရီးသည် များအနေဖြင့် ခရီးစဉ် မတိုင်မီ (၇၂) နာရီအတွင်း Covid-19 ရောဂါ စစ်ဆေးမှုများကို ပြုလုပ်ခဲ့တယ်လိုသိရပါတယ်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ဟောင်ကောင်နဲ့မကာအိုဒေသတိုမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် စုစုပေါင်း (၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ် လည်းကောင်း၊ ထိုင်ဝမ်(တရုတ်-တိုင်ပေ)ဒေသမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် (၁၆) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အဖြစ်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာ နိုင်ငံသား စုစုပေါင်း (၂၀၅၆) ဦးအား မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်ပေးခဲ့ပြီးဖြစ် တယ်လိုသိရပါတယ်။

#YangonMediaGroup