Published 26 December 2021

ချင်းမိုင်-

အမှတ်-၃ သံချပ်ကာယန္တယားတပ်ခွဲတစ်ခွဲရဲ့ ကင်းလှည့်အဖွဲ့တစ်ဖွဲ့ဟာ ဒီဇင်ဘာ ၂၆ရက် တနင်္ဂနွေမနက်ပိုင်းမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်က ဖန်ခရိုင်မှာ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။

ကင်းလှည့်အဖွဲ့ဟာ အမျိုးသား(၈)ဦး၊အမျိးသမီး(၇)ဦးနှင့် ကလေး(၃)ဦးပါဝင်တဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို နယ်စပ်က ကန်တီအင်တမ်ဘွန်မဲငုန်ရွာအနီး တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

သူတို့ကို ဘန်လွမ်းရွာက တပ်ခွဲအခြေစိုက်ရာကို ခေါ်ဆောင်သွားပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့အတွက် တစ်ဦးကိုဘတ်ငွေ နှစ်သောင်းခွဲစီ အလုပ်ပွဲစားထံ ပေးခဲ့ရတယ်လို့သိရပါတယ်။

သူတို့ကိုထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ ယာဉ်ကိုစောင့်ဆိုင်းနေစဉ်တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ထံအပ်နှံပြီး ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source Bangkok Post