#LocalNews

Published - 24 Dec 2021

 

မြိတ်-ထားဝယ်သွားကားလမ်းတွင် ခရီးသည်တင်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်၊နံနက်ပိုင်းအချိန်က တနင်္သာရီတိုင်း၊ မြိတ်မြို့မှထွက်ခွာလာလည့် ကုန်တင်ယာဉ်တစ်စီးနှင့် ခရီးသည်ယာဉ် ၄ စီးသည် မြိတ်-ထားဝယ်သွားကားလမ်း မိုင်တိုင်(၂၇)အနီး၌ CRPH,NUG နှင့် PDF အမည်ခံ လက်နက်ကိုင်အဖွဲ့က လက်လုပ်ဆွဲမိုင်းများဖြင့်ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၂) ဘီးကုန်တင်ယာဥ်မှာ တိမ်း မှောက်ခဲ့ပြီး ခရီးသည်တင် Express ယာဥ်တွင် လက်နက်ငယ်ကျည်ဆန် ထိမှန်ပျက်ဆီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် ခရီးသွားအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ခရီးသည် ၄ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုတွေကို ပြုလုပ်ပေးနေရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာနေရာနှင့် ဆုတ်ခွာသွားသော လက်နက်ကိုင်အဖွဲ့များနောက်သို့ လိုက်လံ၍ နယ်မြေရှင်းလင်းရေးနှင့် လုံခြုံ ရေးလုပ်ငန်းစဥ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

#Yangon_Media_Group