#LocalNews

Published - 24 Dec 2021

 

ယနေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာရှိ ဗြုန်းကျင်းပြိုကျခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့သတင်းအရသိရပါတယ်။

 

ဖြစ်စဥ်မှာ ဒီဇင်ဘာလ၂၄ ရက် ယနေ့၊ မွန်းလွဲပိုင်း ၁ နာရီ ၄၉ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာရှိ ဗြုန်းကျင်းပြိုကျ၍ ကျား(၃)ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦးအား ပတ်ဝန်းကျင်ရှိပြည်သူများမှ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ကျား(၂)ဦး (သေဆုံး)အား ပြင်ဦးလွင်မြို့နယ် ကုတင်(၃၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group