#LocalNews

Published - 22 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းကို ယနေ့နံနက်ပိုင်းက ဗုံးသီးများဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့သတင်းအရသိရပါတယ်။

 

ဖြစ်စဥ်မှ ာယနေ့နံနက် ၆ နာရီကျော်ခန့်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်၊ ပဲခူးမြစ်လမ်းရှိ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းအား စိစစ်ဆဲမှ ၄၀ မမ ဟု ယူဆရသောအရာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း ရဲစခန်း ဝင်/ထွက်ပေါက် အနီးတွင် (၁) ကြိမ်၊ ရဲစခန်း ယာဘက် ပေ (၅၀)ခန့်အကွာရှိ ဓမ္မာရုံအဆောက်အဦ အနီးသို့ (၁) ကြိမ်၊ ပေါင်း (၂)ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

 

ပစ်ခတ်ခံတိုက်ခိုက်ခံရမှုကြောင့် ဓမ္မာရုံအနီးတွင်ရောက်ရှိနေသော ရဲတပ်ဖွဲဝင်တစ်ဦး ဝဲပေါင်ရင်းတွင် ပွန်းပဲ့ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်တွင် ရဲစခန်းလုံခြုံရေးအား ပဲခူးမြစ်လမ်းဘက်တွင် ဂိတ်(၃)ဂိတ် ပြုလုပ်ကာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် (၁၅)ချက်ခန့် ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှ ခဲသတ္တုအပိုင်းအစ (၃)ခု တွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။

#Yangon_Media_Group