#LocalNews

Published - 18 Dec 2021

ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်၊ နံနက်အစောပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၁၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေယုန်ကားမှတ်တိုင်အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမီးလောင်မှုကို ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၀၀:၀၈) အချိန်တွင် မီးငြိမ်းခဲ့ ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုအကြောင်းအရင်းအသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Photo - MFSD

#Yangon_Media_Group