#LocalNews

Published - 17 Dec 2021

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကောက်စောစပါးထွက်ရှိမှု ဈေးကွက်အခြေအနေမှာ ကုန်သည်များမှ မိုးစပါးလက်ကျန်နည်းပါးလာမှုကြောင့် ဝယ်ယူစုဆောင်းမှုများရှိလာပြီး ကောက်စောစပါး ဈေးနှုန်းမြင့်တက်နေတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနမှ သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းနေပြီး အချို့မြို့နယ်များတွင် ရိတ်သိမ်းချွေလှေ့ပြီးစီးနေကာ အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးများလည်း အနည်းငယ်ထွက်ရှိလာနေတယ်လို့ သိရပါတယ်။

 

ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှုရှိနေကာ ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်တွင် ပေါင် ၅၀ (၇၂၀,၀၀ဝိ/-) ရှိပြီး၊မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်တွင် ပေါင် ၅၀ (၇၅၀,၀၀ဝိ/--၇၆၀,၀၀ဝိ/-) ဖြစ်ပြီး ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ တင်ပို့လျက်ရှိပြီး၊ ဆန်လိုအပ်ချက်အရ အညာဒေသသို့လည်း ရေလမ်းခရီးဖြင့် တင်ပို့နေတယ်လို့ သိရပါတယ်။

 

ဟင်္သာတမြို့နယ်တွင် ပေါင်၅၀ (၆၃၀,၀၀ဝိ/--၆၅၀,၀၀ဝိ/-)နှင့် ဇလွန်မြို့နယ်များတွင် ပေါင် ၅၀ (၇၀၀,၀၀ဝိ/-) ကျော်ရှိနေသလို မြို့နယ်အတွင်းဝယ်ယူမှုရှိပြီး၊ရန်ကုန် ဘုရင့်နောင်ပွဲရုံနဲ့ ပဲခူးတိုင်းသို့ တင်ပို့လျက်ရှိနေပါတယ်။ဇလွန်မြို့နယ်တွင် စင်္ကာပူကုန်သည်မှတဆင့် ဆင်းသုခဆန်တန်ချိန် ၁ သောင်း ထပ်မံဝယ်ယူလျက် အာဖရိကနိုင်ငံသို့တင်ပို့ရန်် စီစဉ်နေတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်တွင် နှံကား ပေါင် ၅၀ စပါးဈေးနှုန်း (၇သိန်း) ဝန်းကျင်နှင့် မနောသုခ ပေါင် ၅၀ စပါးဈေးနှုန်း (၇၂၀,၀၀ဝိ /- ၇၃၀,၀၀ဝိ/-)ရှိနေပြီး၊ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ရောင်းချလျှက်ရှိကာ ကျိုက်လတ်မြို့နယ်တွင် ရက်၉၀စပါးပေါင် ၅၀ ဈေးနှုန်း(၇၁၀,၀၀ဝိ/-၇၂၀,၀၀ဝိ/-) နှင့် ဆင်းသုခစပါး ပေါင်၅၀ ဈေးနှုန်း (၆၈၀,၀၀ဝိ/- ၆၉၀,၀၀ဝိ/-)ရှိပြီး ၊ ဖျာပုံခရိုင်မှထွက်ရှိသော ဆန်များကို တနင်္သာရီတိုင်း မြိတ်မြို့ရှိကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက်ဝယ်ယူနေတယ်လို့ သိရပါတယ်။

#Yangon_Media_Group