#LocalNews

Published - 16 Dec 2021

 

မကွေးမြို့ညဈေးတန်းကို ယခု ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနက သိရသည်။

 

အဆိုပါညဈေးကို ကမ်းနားလမ်းတွင်တည်ဆောက်ထားပြီး ပြည်သူများ အေးချမ်းစွာအပန်းဖြေလေညှင်းခံနားနေစားသောက်နိုင်ရန်နှင့် မြို့အင်္ဂါရပ်ညီစေရန် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ဈေးတည်ဆောက်မှုကာလကို မူလက စက်တင်ဘာလ ၃၀ ရက်တွင် အပြီးတည်ဆောက်သွားရန်စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးအမျိုးကြောင့် အနည်းငယ်ကြန့်ကြာနေခဲ့ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက်များကို အပြီးသပ်လုပ်ဆောင်နေကြောင်းသိရသည်။

 

အဆိုပါဈေးကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁,၂၀၀ ဖြင့် လုပ်ငန်းစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

#Yangon_Media_Group