#LocalNews


Published - 2 Dec 2021

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာပြည်သူများ၏ လူနေမှုဘဝအကျိုးစီးပွားကို ဆက်လက်ဂရုပြု၍ ထိခိုက်လွယ်သောလူအုပ်စုများကို ကူညီမှုများပေးအပ်သွားမှာဖြစ်တယ်လိ့် မြန်မာဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်မှုအရ သိရပါတယ်။

 

ယခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသအနေနဲ့ ပြည်သူ့အကျိုးပြုလှူဒါန်းမှုပေါင်း (၁၀)ကြိမ်ကျော် လုပ်ဆောင်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ အမျိုးသမီးနှင့်ကလေးသူငယ်၊ မသန်စွမ်းသူစသည့် ထိခိုက်လွယ်သောလူအုပ်စုနှင့် လူနေမှုဘဝအခက်အခဲရှိသည့်ပြည်သူများကို လှူဒါန်းထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်မှ ရွာသူရွာသားမိသားစု ၁,၀၀၀ အတွက် ဆန်၊ ပဲ၊ စားသုံးဆီ စသည်တို့အပါအဝင် အခြေခံစားနပ်ရိက္ခာထုပ်များအား လှူဒါန်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများက အခြေခံပြည်သူများ လူနေမှုဘဝအခက်အခဲကို ဖြေရှင်းပေးနိုင်မည်ဟုမျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

#Yangon_Media_Group