Published:29 November 2021

ဓာတ်အားလိုင်းနှင့် မလွတ်ကင်းတဲ့နေရာတွေမှာ သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းဖို့နှင့် ဓာတ်အားလိုင်းအသစ်တွေ တည်ဆောက်ဖို့ရှိတဲ့အတွက် မနက်ဖန် နိုဝင်ဘာ ၃၀ရက် မနက်၉နာရီကနေ ၁၂နာရီအထိ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်(၅)မြို့နယ်မှာ ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိလိမ့်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြိုတင်အသိပေးချက် ထုတ်ပြန် ထားပါတယ်။

အဲဒီမြို့နယ်(၅)မြို့နယ်ကတော့ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မရမ်းကုန်း၊လှိုင်၊လှည်းကူးနှင့်သုံးခွမြို့နယ်တွေဖြစ်ကြပါတယ်။

အသိပေးကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

 =====

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း

+++++++++++++++++++++++++

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို (၃၀.၁၁.၂၀၂၁) ရက်နေ့၊ ( အင်္ဂါနေ့ ) တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၊ မရမ်းကုန်း၊ လှိုင်၊ လှည်းကူး၊ သုံးခွမြို့နယ်များအတွင်း ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း