Published: 28 November 2021

ထိုင်းနိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံပြီး

လွတ်ရက်စေ့ကာပြန်လည်လွတ်မြောက်လာသော မြန်မာရွေ့ပြောင်းလုပ်သားတွေကို အလုပ်သမားသံအရာရှိရုံးအစီအစဥ်နဲ့ယနေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။

 အလုပ်သမားသံအရာရှိရုံးရဲ့သတင်းအရနိုဝင်ဘာလ၂၈ ရက်ယနေ့ မွန်းတည့် ၁၂ ချိန်တွင်အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ် နယ်ခြားကော်မတီမှ  Senior Col.Poompat Boonraugkaw နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ေပြာင်းလုပ်သား  ကျား(၉၀)ဦး၊ မ(၄၃)ဦး၊ စုစုပေါင်း (၁၃၃)ဦး၊ ကလေးကျား(၉)ဦး၊ မ(၁)ဦး၊ စုစုပေါင်း (၁၀) ဦး၊ လူဦးရေစုစုပေါင်း (၁၄၃)ဦးအား  ရနောင်းမြို့မှ ကော့သောင်းမြို့သို့    နောက်ပဲ့ချိတ်လှေ (၉) စီးဖြင့်  ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။