#LocalNews

Published - 25 Nov 2021

ကျိုက်နဲရေလယ်ဘုရားတွင် ပြုလုပ်နေသည့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ရပ်နားလိုက်ပြီဖြစ်တယ်လို့   ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

"ရှာ ဖွေကယ်ဆယ်ရေးတွေကိုကျနော်တို့ရပ်လိုက်ပါပြီ။ ဟိုတစ်နေ့က ရုပ်အ လောင်း ၅  လောင်းထပ်တွေ့ ပြီး နောက်မှာ ထူးခြားမှုထပ်မရှိတဲ့ အတွက်ကျနော်တို့ ရပ်လိုက်တာပါ။  ပြောရရင်ဖြစ်ပြီး ၃ ရက်ဆက်တိုက်ရှာဖွေကယ်ဆယ်ရေးတွေကို ကျနော်တို့ လုပ်ခဲ့ပါတယ်။  သေဆုံးသူ ၂၀ ကို တော့အတည်ပြုနိုင်ခဲ့ပါတယ်။"လို့   ဒေသခံလူမှုကူညီရေးအဖွဲ့ ဖြစ်တဲ့ ကျုံကဒတ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက  ပြောပါတယ်။

ဖြစ်စဉ်မှာ  နိုဝင်ဘာလ ၂၁ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ အလွန်စည်ကားသော ကျိုက်နဲရေလယ်ဘုရားပွဲ တော် နတ်လမ်းပေါ်တဲ့နေ့မှာ အနယ်နယ်အရပ်ရပ်မှ လာ ရောက်ကြသည့် ဘုရားဖူးပြည်သူလူထုတွေအရမ်းများပြားလွန်းခဲ့ပြီး  ဒေသ
အ ခေါ်(နတ်လမ်း)ကနေ ရေလယ်ဘုရားသို့ သွားရောက်ဖူး မြော်ရာမှ  ရေတက်ချိန်နဲ့ ကြုံကြိုက်ပြီး လှိုင်းပုတ်ခတ်သည့်ဒဏ်ကြောင့် ဘုရားဖူးပြည်သူအချို့  နတ်လမ်းပေါ်ကနေ  ဘေးဘက်ရှိ  ရေနက်ပိုင်းထဲသို့လွှင့်စင်ကာ  ရေစီးဖြင့်မျောပါပျောက်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ထိုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ တွေ မီးသတ်တပ်ဖွဲ့ နှင့်  ဒေသခံလူမှုကူညီ ရေးအသင်း တွေက စုပေါင်း၍ ဆောင်ရွက်ပေးခဲ့ရတာဖြစ်ပြီး အဆိုပါဖြစ်စဉ်မှာလူဦး ရေ ၂၀   ရေနှစ်မြုပ်သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တာပါ။
လက်ရှိကာလမှာ  ကျိုက်နဲရေလယ်ဘုရားကို  ဘုရားဖူးတွေလာရောက်ဖူးမြော်ခွင့်ကို တော့ ဘုရား ဂေါပကအဖွဲ့ က ပိတ်ပင်ထားတယ်လို့  သိရပါတယ်။

Photo - CJ