#LocalNews

 

Published 25 Nov 2021

မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်ရှိ ယာဉ်တစ်စီးပေါ်တွင် ဆာလာအိတ်ဖြင့်ထည့်ထားတဲ့ ငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ရဲ့ သတင်းအရသိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ငဖဲမြို့နယ်၊ မကွေး အမ်း သွားလမ်း၊ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မကွေးမှ အမ်းဘက်သို့အောင်အောင်(၄၂)နှစ် မောင်းနှင်လာသည့် Nissan ၆ ဘီးမော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်ရှိ ဆာလာအိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group