#LocalNews

Published - 24 Nov 2021

ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင်းရှိ ဇေကမ္ဘာဝင်းအတွင်း ယာဥ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကသိရပါတယ်။

အောက်တိုဘာလ၂၄ ရက်နေ့၊ နံနက် ၈ နာရီ ၅ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း ကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြိမ်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါယာဥ်မီးလောင်မှုမှာ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် မီးငြိမ်းခဲ့ပြီး ယာဥ်တစ်စီးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group