Published: 24 November 2021

ထိုင်းယာဉ်မောင်းတစ်ဦးနှင့် မြန်မာနိုင်ငံမှအလုပ်လာရှာသူ ၈၇ ဦးတို့ကို ထိုင်းနိုင်ငံနယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာစဉ် သွန်ဖာဖမ်းနှင့်ဆန်ခလာဘူရီခရိုင်နှစ်နေရာမှာ အင်္ဂါနေ့(နိုဝင်ဘာ ၂၃)ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။

ဒေသရဲတပ်ဖွဲ့၊နယ်ခြားပတ္တရောင်ရဲနှင့် လက်ယာအထူးတပ်ဖွဲ့ရဲ့ ထိုင်းစစ်သားတွေပါဝင်တဲ့ ပထမဆုံးပူးပေါင်းစစ်ဆင်ရေးမှာ သွန်ဖာဖမ်း-ဆန်ခလာဘူရီ အမြန်လမ်း၃၂၃၊၁၅ကီလိုမီတာခန့်မှာ ယာဉ်စစ်ဆေးတာကို ရပ်တန့်မပေးတဲ့အတွက်  ပြုပြင်ထားတဲ့ ပစ်ကားကားတစ်စီးနောက်လိုက်ခဲ့ပါတယ်။

ဆမွတ်ဆာခွန်မှ အသက်၃၉နှစ်အရွယ် ယာဉ်မောင်း ချွန်လာချိုင်းနှင့်အတူ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ မြန်မာ၃၀ဦးကိုတွေ့ရှိခဲ့ရတယ်လို့ ဖမ်းဆီးခဲ့တဲ့အဖွဲ့ကပြောပါတယ်။ အဲဒီထဲက(၅)ဦးဟာ ပစ်ကပ်ကားအတွင်းထဲနှင့် ကျန်၂၅ဦးကတော့ ကားရဲ့ကြမ်းခင်အတွင်းထဲမှာ ငါးပိသိပ် ငါးချဉ်သိပ်ထည့်ခေါ်လာခဲ့တာပါ။

တန်ဘွန်သာခနမ်းမှာရှိတဲ့ ဘန်ကန်နန်းကလီရွာကနေ သူတို့ကိုတင်ခေါ်လာတာလို့ ယာဉ်မောင်းကပြောပါတယ်။ သူတို့ဟာ ဆမွတ်ဆခွန်နှင့် ဆမွန်ဆောင်ခရမ်ပြည်နယ်တွေမှာ အလုပ်လုပ်ဖို့ သွားကြမှာဖြစ်တယ်လို့ သူကပြောပါါတယ်။

အဲဒီအလုပ်လာရှာသူတွေကို ခရီးဆုံးအထိလိုက်ပို့ပေးဖို့ သူ့ကို ဘတ်သုံးသောင်းနှင့် ငှားခဲ့တာလို့ သူကဆက်ပြောပါတယ်။ ဒီလိုမျိုးတော်တော်များများ အရင်ကလည်းမောင်းပို့ပေးဖူးတယ်လို့ ယာဉ်မောင်းကပြောပါတယ်။ သူတို့ကို အဖျားတိုင်းကြည့်တဲ့အခါ ပုံမှန်ဖြစ်လို့ တရားဥပဒေအရအရေးယူနိုင်ဖို့ သွန်ဖာဖမ်းရဲဌာနကို လွှဲအပ်ခဲ့ပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ မနက်၆နာရီခန့်မှာ အခြား နယ်စပ်ပတ္တရောင်ရဲတွေနှင့်ထိုင်းစစ်သားတွေဟာ အမျိုးသား၃၇ဦး၊ အမျိုးသမီး၂၀ဦးပါဝင်တဲ့ မြန်မာ၅၇ဦးကို ထပ်မံဖမ်းဆီးမိခဲ့ပါတယ်။ သူတို့ကို ဆန်ခလာဘူရီခရိုင်၊ တမ်ဘွန်နွန်လူမှာရှိတဲ့ ရာဘာစိုက်ခင်းမှာ ထိုင်းနိုင်ငံထဲဝင်ဖို့ ကားစောင့်နေကြစဉ်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

သူတို့ဟာ ထိုင်းကအလုပ်ပွဲစားကို အလုပ်ရဖို့ တစ်ယောက်ကို ဘတ်ငွေနှစ်သောင်းခွဲကနေ နှစ်သောင်းရှစ်ထောင်အထိ ပေးခဲ့ရတယ်လို့ အထိန်းသိမ်းခံရတဲ့သူတွေကပြောပါတယ်။

Source: Bangkok Post