#LocalNews

Published - 23 Nov 2021

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ရောက်သောကုမ္ပဏီလိမိတတ်က မြန်မာဘီယာထုတ်လုပ်နေတဲ့ မြန်မာဘရူဝါရီလိမိတက်ကို စာရင်းရှင်းလင်းဖျက်သိမ်းဖို့ တရားရုံးထံ လျှောက်ထားကြောင်း နိုင်ငံပိုင်သတင်းစာမှ သိရပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၂၉၈(စ)အရ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၆၈ နဲ့ လျှောက်ထားကြောင်း ကြေညာထားပါတယ်။

ထိုသို့စာရင်းရှင်း ဖျက်သိမ်းဖို့ ဦးပိုင်က နိုဝင်ဘာ ၁၉ ရက်က တရားရုံးသို့လျှောက်ထားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ခရိုင်တရားသူကြီး ရုံးခန်းအမှတ် (၁) တွင် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီမှာ စစ်ဆေးကြားနာမယ်လို့ သိရပါတယ်။

အဆိုပါကုမ္ပဏီကို ဖျက်သိမ်းဖို့အပေါ် ကန့်ကွက်လိုပါက အဆိုပါကုမ္ပဏီရဲ့ ကြွေးမြီကူညီပေးဆပ်သူ၊ အစုပါဝင်သူ သို့မဟုတ် မြီရှင်တစ်ဦး တစ်ယောက်တို့ဟာ ကိုယ်တိုင် ဖြစ်စေ၊ ၎င်း၏ တရားလွှတ်တော်ရှေ့နေဖြင့်ဖြစ်စေ မြန်မာနိုင်ငံကုမ္ပဏီများ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ကာ ကြားနာစစ်ဆေးမယ့်နေ့ရက်တွင် ထိုကိစ္စအတွက်လာရောက်ဖို့ ကြေညာထားပါတယ်။

မြန်မာဘရူဝါရီကုမ္ပဏီကို မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဂျပန်ဘီယာလုပ်ငန်း ကီရင်ဟိုးလ်ဒင်းတို့က ဖက်စပ်ပိုင်ဆိုင်တာဖြစ်ပြီး ကီရင်ရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီအပြောင်းအလဲနောက်ပိုင်း အမြတ်ငွေရရှိမှု လျော့နည်းသွားခဲ့ရတယ်လို့ သိရပါတယ်။

#Yangon_Media_Group