#LocalNews

Published - 23 Nov 2021

ကျိုက်နဲရေလယ်ဘုရားဖူးသူများ ရေနစ်မြုပ်မှုဖြစ်စဥ်မှ သေဆုံးသူ ၅ ဦး၏ (Dead Body)များကို ယမန်နေ့တွင် ထပ်မံတွေ့ရှိခဲ့ရသည့် အတွက် သေဆုံးသူ ၂၀ ဦးအထိ အတည်ပြုနိုင်ခဲ့ပြီး ဒီကနေ့မှာလည်း တတိယနေ့အဖြစ် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်ပြုလုပ် နေကြောင်း ဒေသခံလူမှုရေးအသင်းအဖွဲ့များထံမှ သိရပါတယ်။

ရေနစ်မြုပ်မှု စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် နေ့က Dead Body (၁၅)ခုနှင့် ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့က Dead Body (၅)ခုကို ထပ်မံ တွေ့ရှိခဲ့သည့်အတွက် စုစုပေါင်း Dead Body (၂၀)ခုအား အတည်ပြုနိုင်ခဲ့တာဖြစ်ကြောင်း မော်လမြိုင်မြို့  အခြေစိုက် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

"ဒီကနေ့မှာလည်း ရှာ ဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။ အခုအချိန်ထိ ထပ်မံထူးခြားတာတော့မရှိသေးပါဘူး။"လို့ ကျုံကဒတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ရင်ခွဲရုံရောက်ရှိ အတည်ပြုနိုင်ခဲ့သည့် Dead Body များက ရေးမြို့၊အစင်ရွာမှ အမျိုးသား DB (၁)ဦး၊ မြိုင်ကလေးမှ အမျိုးသမီး DB (၁)ဦး၊ ပဲခူးမြို့ (ဇ/န တောင်ပိုင်း)မှ အမျိုးသမီး DB (၂)ဦး၊ ဝေါမြို့၊ ဧကရာဇ်ကျေးရွာမှ အမျိုးသမီး DB (၁)ဦးတို့ဖြစ်ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၏ ထုတ်ပြန်မှုအရ သိရပါတယ်။

ကျိုက်နဲရေလယ်ဘုရားသို့သွားရာလမ်း ဒေသအခေါ် (နတ်လမ်း)၌ နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် လှိုင်းပုတ်ခတ်ခြင်းကြောင့် လူအများစုမှာပင်လယ်ရေထဲသို့ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးများကို ယနေ့အထိ ပြုလုပ်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

#Yangon_Media_Group