#LocalPolitics

Published - 22 November 2021

နိုဝင်ဘာ ၂၂ရက် ယနေ့ပြုလုပ်သော တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် မတက်ရောက်ဖြစ်ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်နီးချင်းကောင်း၊မဟာဗျူဟာမိတ်ဖက်နိုင်ငံကောင်းအဖြစ် မြန်မာနိုင်ငံကိုဖိတ်ကြားခဲ့ပေမယ့် အချို့အာဆီယံနိုင်ငံတွေက  ယခင်အာဆီယံထိပ်သီးအစည်းအဝေးရပ်တည်ချက်အတိုင်း  နိုင်ငံရေးရာထူးမရှိတဲ့ ကိုယ်စားလှယ်တစ်ဦးတက်ဖို့သာ ဆောင်ရွက်ဖိအားပေးခဲ့လို့ မတက်ရောက်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာမပါတဲ့အာဆီယံနိုင်ငံတွေကတော့ ဘေဂျင်းက မြန်မာသံရုံးက သံအမတ်ကြီးကို တက်ရောက်ဖို့ တရုတ်နိုင်ငံနှင့်သဘောတူထားခဲ့တယ်လို့ စီအင်န်အေကရေးပါတယ်။

ဒါပေမယ့် မဟာမဲခေါင်နိုင်ငံများအဖွဲ့ (GMS: Greater Mekong Subregion) မှာပါဝင်တဲ့ အာဆီယံနိုင်ငံတွေနှင့် ကောင်းမွန်ညီညွတ်တဲ့ဆက်ဆံရေးရှိပါတယ်လို့ ပြောပါတယ်။အဲဒီအဖွဲ့မှာ ပါဝင်တဲ့နိုင်ငံတွေက တရုတ်နိုင်ငံ၊နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ လာအို၊မြန်မာ၊ထိုင်း၊ဗီယက်နမ်နှင့် ကမ္ဘာဒီးယားတို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံက နစကဥက္ကဋ္ဌတက်ရောက်ဖို့ကို အာဆီယံနိုင်ငံတွေထဲက စင်္ကာပူ၊မလေးရှားနှင့်အင်ဒိုနီးရှားတို့က ကန့်ကွက်ခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းများမှာ သိပ်မကြာသေးခင်က ရေးသားခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ အစည်းအဝေးကိုတက်ရောက်ဖို့ဖိတ်ကြားခဲ့တဲ့အပြင် အစည်းအဝေးတက်နိုင်အောင်လည်း အာဆီယံ နိုင်ငံတွေနှင့်ညှိနှိင်းပေးခဲ့လို့ မိတ်ဆွေကောင်း၊မိတ်ဆွေစစ် တရုတ်နိုင်ငံကို အထူးကျေးဇူးတင်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို ကျင်းပနေရာ တရုတ်သမ္မတရှီက  သေးငယ်တဲ့ ဒေသဆိုင်ရာအိမ်နီးချင်းတွေကို တရုတ်ဟာ အကျပ်ကိုင်မှာမဟုတ်ဘူးလို့  အာဆီယံခေါင်းဆောင်တွေကို ပြောဆိုခဲ့တယ်လို့ စီအင်န်အေကရေးပါတယ်။
 
တရုတ်ဟာ နိုင်ငံကြီးဖြစ်လို့ဆိုပြီး နိုင်ငံငယ်လေးတွေအပေါ် အနိုင်ကျင့်တာ ဗိုလ်ကျစိုးမိုးတာတွေ  ဘယ်တော့မှမလုပ်ဘဲ  ဝင်ရောက်စွက်ဖက်တာတွေကို ဖျက်သိမ်းပစ်နိုင်ဖို့ အာဆီယံနှင့်အတူအလုပ်လုပ်မယ်လို့လည်း ရှီကပြောပါတယ်။

Ref:CNA