#LocalNews

Published - 22 Nov 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် စေတနာ့ဝန်ထမ်းများနဲ့ ပရဟိတအဖွဲ့အစည်းများအနေနဲ့ မှတ်ပုံတင်ရန်နဲ့ လိုင်စင်မဲ့ယာဉ်များ အသုံးမပြုရန် သက်ဆိုင်ရာမြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တွေက အကြောင်းကြားစာပေးပို့ လိုက်တယ်လို့ သိရပါတယ်။

ပေးပို့ထားတဲ့ အကြောင်းကြားစာတွင် ပရဟိတအသင်းအဖွဲ့တွေအနေနဲ့ ဥပဒေနဲ့အညီ မှတ်ပုံတင်ရန်နဲ့ မှတ်ပုံတင်လိုခြင်းမရှိပါက ဖျက်သိမ်းရန်နဲ့ လိုင်စင်မရှိသောယာဉ်များ သုံးစွဲခွင့်မပြုကြောင်း ဖော်ပြပါရှိပါတယ်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြိုနယ်များအလိုက် စေတနာ့ဝန်ထမ်း၊ ပရဟိအဖွဲ့ အစည်းများအနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းမှု၊ ငွေကြေးစီးဝင်မှု၊ သုံးစွဲယာဉ်များ လိုင်စင်ရှိမရှိ၊ အသင်းအဖွဲ့  မှတ်ပုံတင်ထားရှိမှု ရှိမရှိကို သက်ဆိုင်ရာမြို့ နယ်အလိုက် စိစစ်ကာ မှတ်ပုံတင်ရန်နှင့် လိုင်စင်မဲ့ယာဉ်များ သုံးစွဲခွင့်မပြုတာကို သိရှိကြောင်း လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ပရဟိတအသင်းတွေက နေ သိရပါတယ်။

"အသင်းအဖွဲ့ တွေအနေနဲ့ကတော့ အသင်းအဖွဲ့ မှတ်ပုံတင်ရှိကြတာပေါ့ဗျာ ယာဉ်တွေကတော့ ငွေကြေးတတ်နိုင်တဲ့ ရပ်ကွက်တွေ အလှူရှင်များတဲ့ အသင်းအဖွဲ့ တွေကတော့ လိုင်စင်ရှိကြတာပေါ့ တစ်ချို့ ရပ်ကွက်တွေ ရွာတွေကတော့ တတ်နိုင်တာလေးနဲ့ ရပ်ကျိုးရွာကျိုးအတွက် ဝယ်ပြီးပရဟိတ သုံးကြတာပဲလေ ဒါကိုရပ်ရွာလူကြီးတွေ ရပ်မိရပ်ဖတွေ အသိဆုံး။ ကိုယ့်ရပ်ကွက်မှာ အရေးအကြောင်း လိုအပ်ရင် တစ်ခြားအသင်းအဖွဲ့ တွေအလာကို မစောင့်ရအောင် ရှိတာလေးတွေနဲ့ ဝယ်ထားပြီး ပရဟိတသုံးကြတာပေါ့ဗျာ မသုံးနဲ့ဆိုတော့လည်း အရေးအကြောင်းဖြစ်လာရင် ဘာလုပ်ရမလဲဆိုတဲ့ ဖြေရှင်းချက်ပေးပေါ့"လို့ ပရဟိတ ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကာလက အရေးပေါ်လူနာများ ပို့ဆောင်ရေး၊နာရေးကိစ္စများ အချိန်မှီပြီးစီးရေးနှင့် လိုအပ်သောဆေးဝါးကုသရေးဆိုင်ရာ အထောက်အပံ့များ ရရှိရေးအတွက် ရန်ကုန်အခြေစိုက် ပရဟိတအသင်းအဖွဲ့  များစွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့မှုအပေါ် ပြည်သူများက အသိမှတ်ပြုထားကြပါတယ်။

#YangonMediaGroup