#LocalNews

Published - 22 Nov 2021

ကျိုက်နဲရေလယ်ဘုရားကို သွားဖူးရင်း လှိုင်းပုတ်ဒဏ်ကြောင့် ရေစီးနဲ့မျောပါ ပျောက်ဆုံးနေသူများကို ယနေ့နိုဝင်ဘာလ ၂၂ ရက်တွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး လက်ရှိတွင် အမျိုးသားတစ်ဦး၏ Dead Body အားထပ်မံ ဆယ်ယူရရှိထားတယ်လို့ သိရပါတယ်။

ယနေ့ နံနက်ပိုင်းအချိန်ထိ ရေစီးနှင့် မျောပါသူများ၏ (Dead Body) ၁၆ ခုကို ဆယ်ယူရရှိထားပြီး  ရေစီးဖြင့်မျောပါ ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာ ဖွေလျက်ရှိတယ်လို့  ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

"ဒီနေ့ မနက်အထိ ကျ နော်တို့ ရှာ ဖွေကယ်ဆယ်ရေး တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဘုရားကို သွားရောက်ဖူးမြော်ခွင့် တော့ ပိတ်လိုက်ပါပြီ။ မနေ့က  ရေလယ်ဘုရားမှာ ကျန်ရှိနေတဲ့သူတွေဘုရားဖူးတွေ အကုန်လုံးကိုလည်း ကျနော်တို့ စက်လှေတွေနဲ့ ကမ်းစပ်ကို ကယ်ထုတ်ပို့ ဆောင်ပေးခဲ့ပါတယ်။   ပြောရရင်ရှာ ဖွေကယ်ဆယ်ရေးတွေဆက်လုပ် နေတယ်။ ကျ နော်တို့သိရသလောက်တော့  ပျောက်ဆုံးသူက ၁၅ ဦး လောက်ရှိနေသေးတယ်လို့ သိရတယ်။ ကမ်းစပ်မှာလည်းကျ နော်တို့ လူမှုကူညီရေးအသင်းတွေနဲ့  ဆေးအဖွဲ့ တွေက အသင့် အ နေအထားနဲ့  စောင့်ဆိုင်းပြီး တော့ ကူညီဆောင်ရွက် ပေး နေပါတယ်။"လို့ ကျုံကဒတ်လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်သို့  ပြောပါတယ်။

ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ အလွန်စည်ကားသော ကျိုက်နဲရေလယ်ဘုရားပွဲ တော် နတ်လမ်းပေါ်တဲ့နေ့မှာ အနယ်နယ်အရပ်ရပ်မှ လာ ရောက်ကြသည့် ဘုရားဖူးပြည်သူလူထု တွေ အရမ်းများပြားလွန်းခဲ့ပြီး   ရေလယ်ဘုရားသို့ သွား ရောက်ဖူး မြော်ရာမှ  ရေတက်ချိန်နဲ့ ကြုံကြိုက်ပြီး  လှိုင်းပုတ်ခတ်သည့် ဒဏ် ကြောင့် ဘုရားဖူးပြည်သူအချို့  နတ်လမ်း ပေါ်က နေ  ဘေးဘက်ရှိ  ရေနက်ပိုင်း ထဲသို့ လွှင့်စင်ကာ  ရေစီးဖြင့် မျောပါ ပျောက်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်



"ယနေ့ နံနက် ၁၀ နာရီအချိန်က ကျိုက်နဲ့ရေလယ်ဘုရားနတ်လမ်းမှာ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ Dead Body ကိုလည်းတွေ့ ရှိထားကြောင်း ကျုံကဒတ်မွန်မြတ်စေတနာ Rescue အဖွဲ့ ကပြောကြားလာပါတယ်။" လို  မော်လမြိုင် လူမှုကူညီကယ်ဆယ် ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကျိုက်နဲရေလယ်ဘုရားသည် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းရွာနဲ့ အံခဲရွာအနား ကမ်းစပ်မှာတည်ရှိပြီးပုံမှန်ဘုရားပွဲ တော်ရက်က တန်ဆောင်မုန်းလဆုတ်(၁)ရက် နေ့မှ (၃)ရက် နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဘုရားပွဲကို မနှစ်ကရော ဒီနှစ်မှာပါ စည်စည်ကားကားမလုပ်ဖို့၊ ဒေသခံတွေနဲ့ပဲ အကျဉ်းရုံးလုပ်ဖို့ မြို့နယ်သံဃနာယက၊ ဘုရားဂေါပကအဖွဲ့ နှင့်  ဒေသခံ ပရဟိတအဖွဲ့ တွေကဆုံးဖြတ်ထားခဲ့ပြီး ဂေါပကအဖွဲ့က ဘုရားပွဲကို ဧည့်သည်တွေမလာရောက်ကြဖို့ အတွက် ဧည့်ခံကျွေးမွေးတာနဲ့ ကြိုပို့တာ တွေကို မလုပ်ဖို့ နိုဝင်ဘာ ၅ ရက် နေ့က ကြိုတင်စာထုတ်ထား ပေမယ့်လည်း ဘုရားပွဲရက်မှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပရိသတ်တွေ‌ သောင်းနဲ့ချီ လာ ရောက်ခဲ့ကြတာဖြစ်တယ်လို့  ဒေသခံ တွေရဲ့  ပြောပြချက်အရ သိရပါတယ်။

Photo - CJ