Published: 21 November 2021

ဒီက​နေ့တွင် နတ်လမ်းပေါ်တဲ့ ကျိုက်နဲရေလယ်ဘုရားဖူးသွားကြသူအချို့ ပင်လယ်ရေနဲ့မျောပါပြီး ရေနစ်သေဆုံး၊ ပျောက်ဆုံးမှုများရှိနေ​ကြောင်းနှင့် လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေဆဲ ဖြစ်​ကြောင်း ​ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရပါတယ်။

ဖြစ်စဥ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းအချိန်မှစ၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ အလွန်စည်ကားသော ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းပေါ်တဲ့ ယနေ့မှာ ဘုရားဖူးပြည်သူလူထု​တွေ အရမ်းများလွန်းပြီး ​လှေ​ပေါ်တက်ချိန်တွင် လှိုင်းပုတ်ရာမှ မတော်တဆမှုဖြစ်ပွားပြီး ဘုရားဖူးပြည်သူအချို့ ​ရေစီးနှင့်မျောပါ၍ ရေနစ်သေဆုံးမှု​တွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကနဦး သိရပါတယ်။

လက်ရှိအချိန်ထိ ​ရေစီးနှင့်​မျောပါသူများ၏ (Dead Body) ၁၅ ခုကို ဆယ်ယူရရှိထားပြီး ​ရေစီးဖြင့်မျောပါ ​ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာ​ဖွေလျက်ရှိတယ်လို့ သိရပါတယ်။

"ကျိုက်နဲ​ရေလည်ဘုရား​ပေါ့။ သူက သံဖြူဇရပ်မြို့နယ်အတွင်းမှာရှိတာပါ။ သံဖြူဇရပ်က​နေ ၅ မိုင်​လောက်သွားရတယ်။ ကျ​နော်တို့ ​ဒေသအ​ခေါ်အရ​တော့ နတ်လမ်း​ပေါ်တဲ့အချိန်ဆို ဘုရားဖူး​တွေ သွားလို့ရတာ​ပေါ့​နော်။ ကျန်တဲ့အချိန်ဆိုသွားလို့မရဘူး၊ ဒီ နတ်လမ်း​ပေါ်တဲ့အချိန်​လေးပဲ သွားရတာဆို​တော့ ဒီက​နေ့မှာ ဘုရားဖူးတွေ တအားများပြီး အခုလိုဖြစ်ကြတယ်လို့ သိရပါတယ်။ သူက ဘုရားနဲ့ကမ်း​ခြေနဲ့ဆိုရင် တစ်မိုင်​လောက်အကွာအ​ဝေးရှိပါတယ်။ နတ်လမ်းကလည်း တစ်နှစ်မှတစ်ခါ​ပေါ်တယ်၊အဲ့လို​ကြောင့် ဘုရားဖူး​တွေက ဒီ​နေ့မှာတအားစည်တယ်၊ အခု​တော့ ကယ်ဆယ်​ရေးလုပ်ငန်း​တွေကို ကျ​နော်တို့​ ဆက်လက်ဆောင်ရွက်​နေပါတယ်။ ​ရေနစ်သူ​​သေဆုံးသူ​တွေလည်းရှိသလို ​ရေမွန်းသူ​တွေလည်းရှိ​နေပါတယ်။ အ​ရေအတွက် အတိအကျ​တော့ မသိရ​သေးပါဘူး။ကျ​နော်တို့ ဆက်လက်ကယ်ဆယ်​နေပါတယ်။" လို့ ကျုံကဒတ်လူမှုကူညီ​ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်သို့ ​ပြောပါတယ်။

လက်ရှိကယ်ဆယ် ရရှိထားသည့်လူနာများနှင့် (Dead Body)များကို ​ဒေသခံလူမှု​ရေးအသင်းအဖွဲ့​တွေက သံဖြူဇရပ်ဆေးရုံ ပို့ဆောင်ထားပေးပြီး ကျန်ပျောက်ဆုံးနေသော လူများနှင့် ပင်လယ်ရေနှင့် မျောပါသွားသည့် ရေနစ်သေဆုံးသူများ၏ (Dead Body)များကိုလည်း ဒေသခံများနှင့် ပူးပေါင်းရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။

"ကျ​နော်တို့သိရတာက ​လှေ​ပေါ်ကို လူ​တွေကလုအတက်မှာ ဖြစ်တာလို့ သိရပါတယ်။ သူက​ရေတက်ချိန်နဲ့ လှိုင်းပုတ်ချိန်မှာဖြစ်သွားတာ​ပေါ့။ လှိုင်းက ​လှေကိုရိုက်ပြီးပုတ်တဲ့အချိန် ​လူ​တွေကလည်း လုတက်​နေတဲ့အချိန်ဆို​တော့ ရေထဲပြုတ်ကျကုန်တာ​ပေါ့။ လက်ရှိက ကျ​နော်တို့ ​ရေနစ်​သေဆုံးသူ​တွေရဲ့ Dead Body ၁၅ ခု​လောက်ကို ဆယ်ယူရရှိထားပါတယ်။ ကျန်တာက ဘယ်​လောက်ကျန်ဦးမလဲမသိဘူး။ ကျ​နော်တို့က​တော့ ဆက်လက်ရှာ​ဖွေ ကယ်ဆယ်​နေပါတယ်။ ​သေဆုံးသူ​တွေရဲ့ Dead Body ​တွေကိုလည်း အသင်းက ကား ၆ စီးနဲ့ ​ဆေးရုံကို ပို့​ဆောင်​ပေး​နေရပါတယ်။"လို့ ကျုံကဒတ်လူမှုကူညီ​ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်ကို ဆက်လက် ​ပြောပြခဲ့ပါတယ်။

 

Photo - CJ